မရမ်းကုန်းမြို့နယ်၊
ကမ္ဘာအေးဘုရားလမ်းတွင်
အထပ်မြင့်အဆောက်အအုံဆောက်လုပ်ရန် ရန်ကုန်စည်ပင် သို့
လျှောက်ထားမှုအပေါ် လုံခြုံရေးရှုထောင့်အရ ခွင့်ပြုရန်
သင့်မသင့်ကိုစဉ်းစားနေသည်ဟု
အထပ်မြင့် အဆောက်အအုံများ စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက
ပြောသည်။
အဆိုပါ ဆောက်လုပ်ခွင့် တင်ပြ လာသည့်ပုံစံမှာ မြေညီထပ် ၂ ထပ်နှင့် ၁၈ ထပ်
တိုက်ဖြစ်ပြီး ကမ္ဘာအေးဘုရား လမ်း၊ ၇ ရပ်ကွက်၊ အမှတ်-၇/အေတွင် တည်ဆောက်မည်ဟု
သိရသည်။ ''အဲဒါနောက်မှာ ရန်ကုန်တိုင်းစစ် ဌာနချုပ်ရှိတယ်။ ဒါကြောင့်
လုံခြုံရေးရှုထောင့်အရ ခွင့်ပြုလို့သင့်မသင့်ကို လူကြီးတွေ ပြန်စဉ်း
စားနေတယ်'' ဟု
ဦးရီဝင်း က ပြောသည်။
ထိုသို့ခွင့်ပြုရန် စိစစ်နေသော အထပ်မြင့်အဆောက်အအုံ ၂၇ လုံးရှိပြီး ယင်းတို့တွင် ရန်ကုန်တက္ကသိုလ် အနီး တည်ဆောက်ရန် တင်ပြထားခြင်း၊ City FM ထုတ်လွှင့်မှုအနီး တည်ဆောက်ရန် တင်ပြထားခြင်း ၊ လေယာဉ်ဆင်းလမ်း ကြောင်းအတွင်း တည်ဆောက်ရန်တင် ပြထားခြင်း၊ ဂျိုးဖြူရေပိုက်အနီး ဆောက် လုပ်ရန် တင်ပြထားခြင်း၊ နိုင်ငံခြားရေး ရုံးအနီး တည်ဆောက်ရန် တင်ပြခြင်း နှင့် ရွှေတိဂုံဘုရားအား ကွယ်နိုင်သည့် နေရာတွင် ဆောက်လုပ်ရန်တင်ပြခြင်းများပါဝင်သည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။ ရန်ကုန်စည်ပင်သို့ ယခုနှစ်အတွင်း တည်ဆောက်ရန်တင်ပြသော အထပ် မြင့်အဆောက်အအုံများမှာ ၆၆ လုံးရှိ ပြီဖြစ်သည်။

0 comments:
Post a Comment