Tuesday, August 13, 2013
0

ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) သည် စုံစမ်းစစ်ဆေးရန်အတွက် ရခိုင်ပြည်နယ်သို့ လာရောက်သည့် အချိန်တိုင်းတွင် ဘင်္ဂလီများနှင့်သာ အဓိက တွေ့ဆုံပြီး ရခိုင်တို့နှင့် တွေ့ဆုံမှုမှာ အမည်ခံလောက်သာရှိသည်။ သူပြန်သွားလို့ သတင်းစာ ရှင်းလင်းပွဲ၊ အစီရင်ခံစာတိုင်းသည် ရခိုင်လူထုကို မျက်ကွယ်ပြုပြီး ဘင်္ဂလီတို့ အရေးကိုသာ ဦးစားပေး သည်ကို တွေ့ရှိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းကို သုံးသပ်ရာတွင်လည်း ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ဂျာမေဗလီမှ ဘင်္ဂလီကုလားများသည် ရခိုင်အိမ်များကို စတင်တိုက်ခိုက်ခဲ့ပြီ ရခိုင်အိမ်များ၊ တည်ခိုရိပ်သာများ၊ ဈေးဆိုင် များ၊ လူအသေအပျောက်များကို မျက်ကွယ်ပြုခဲ့သည်သာမက ရခိုင်များကသာ ဘင်္ဂလီတို့အပေါ် တိုက် ခိုက်ခဲ့သည်ဟု တဖက်သတ်စွပ်စွဲခဲ့ပါသည်။ ဥပမာ ကျောက်ဖြူမြို့အရေးအခင်းကိုသာ ဦးစားပေး ပြီး ဖော်ပြခဲ့သည့် အစီအရင်းခံစာသည် တစ်ဖက်သတ် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

12.06.2013 ရက်နေ့က အစီအရင်းခံစာတွင်လည်း ဘင်္ဂလီတို့၏ အရေးကိုသာ ရှေ့တန်းတင်ပြောပြီး ရခိုင်တို့အား လစ်ရှုမှုများကို အထင်သားတွေ့ရသည်။ ဥပမာ -2013 ခုနှစ် ဇွန်လ ၄ ရက်နေ့က ဘင်္ဂလီ ကုလားတို့က ရန်စမှုကို အစိုးရက ဟန့်တားခဲ့သော်လည်း အစိုးရကို ရန်ရှာသောကြောင်း ပစ်ခတ်နှိမ်းနှင်း ရမှုတွင် ဘင်္ဂလီအချို့ ဒဏ်ရာရမှုကိုလည်း သူ၏ အစီအရင်းခံစာတွင် “ရွှင်ဂျာ”လို့သုံးခဲ့သည်။

“ရွှင်ဂျာ”ဆိုသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား(၁၃၅)မျိုးတွင် မပါဝင်ဘဲ သုံးနှုန်း သွားခြင်း မြန်မာနိုင်ငံသား အားလုံးအပေါ်တွင် စော်ကားသည့် အသုံးစွဲမှုကို ထပ်ကာ တစ်လဲလဲ သုံးစွဲခဲ့သည်။

ရခိုင်ပြည်ကို နောက်ဆုံးအကြိမ်ရောက်လာတုန်းကလည်း မြန်မာနိုင်ငံအစိုးရမှ ၂၀၁၂ ခုနှစ် ဇွန်လအရေး အခင်းတွင် အကြမ်းဖက်ခေါင်းဆောင် အဓိက တာဝန်ရှိသူ ဒေါက်တာထွန်းအောင်နှင့် ထောင်ထဲတွင် တွေ့ ဆုံခဲ့ပြီး အစိုးရနှင့် တွေ့ဆုံသောအခါ ဒေါက်တာထွန်းအောင်ကိုလွတ်ပေးလျှင် ရခိုင်ပြည်နယ် အရေး အခင်းကိစ္စ ငြိမ်းအေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းကို အတွင်းမှလာသော သတင်းအရ သိရှိခဲ့ရ သည်။ ဒေါက်တာထွန်းအောင်သည် မောင်တောအရေးအခင်းတုန်က အဓိက ကြိုးကိုင်ခဲ့သူဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူထားခြင်းကို စွက်ဖက်ခဲ့သည်။

ထို့အပြင် ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအပါအ၀င် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို နိုင်ငံတကာစံနှုန်း များနှင့် မကိုက်ညီသကဲ့သို့ ၁၉၈၂ ခုနှစ် လူဝင်ကြီးကြပ်ရေး ဥပေဒကိုလည်း ပြောင်းလဲဖို့ သူ၏အစီရင် ခံစာထဲတွင် ထည့်သွင်းခဲ့သည်။ ၁၉၈၂ ခုနှစ် ဥပဒေသည် တိုင်းရင်းသားအားလုံး က ထောက်ခံပြီး လွတ်တော်ထဲတွင် အတည်ပြုထားသော ဥပဒေတရပ်ဖြစ်သည့်အလျှောက် နိုင်ငံတစ်နိုင်ငံ၏ ပြည် တွင်းရေးကို ၀င်မစွက်ဖက်ရ ဥပေဒအရမလွတ်ကင်းပေ။ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦး အနေဖြင့် ပေါ်ပေါ်တင်တင် မြန်မာနိုင်ငံအပေါ် ၀င်ရောက် စွက်ဖက်ခြင်းဖြစ်သည်။

0 comments: