Monday, August 19, 2013
0


ဒေါ်စုကိုဒီနိုင်ငံမှာ မနေနိုင်အောင်လုပ်ခဲ့တယ်ဆိုပြီး လေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။ တ ကယ် အဖြစ်မှန်က သန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ ဒေါ်ခင်ကြည်က ဦးနုရဲ့သန့်ရှင်းဘက်က မဲဆွယ်ပေးခဲ့တယ် ၊၊ဒါကြောင့် ဦးနုရဲ့သန့ှ်ရှင်းမဲနိုင်သွားပြီး အစိုးရဖွဲ့နိုင်တော့ ဒေါ်ခင်ကြည် ကိုကျေးဇူးဆပ်တဲ့အနေနဲ့ မြန် မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိတစ်ဦးတည်းသော အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးချီးမြှောက်ခဲ့တာပါ၊ ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစ ပဲရှိအုံးမယ်၊ ၊ဒေါ်စု မွေးတာက (၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီးပဲရှိသေး တယ်၊၊ အိန္ဒိယမှာ ကျောင်းဆက်တက်တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့် ရအောင်အိန္ဒိယမှာ ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ် ၀င်ခွင့်ကို ဒေါ်စု ကလပိုင်း လောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင်ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊ ဗိုလ် ချုပ်အောင်ဆန်း ရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေမဖြစ်ရအောင် အင်္ဂလန် ကို လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကို သတိပေးစကား ပြောကြား ခဲ့တာတွေ သမိုင်းအနေနဲ့ ရှိပါတယ်၊ ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကို သွားအောင် ဦးနေ၀င်းက ပထုတ်လိုက်တာလား ၊ သူ့ဘာသာသူ ပညာလိုလားလို့သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊ ဒေါ်ခင်ကြည်ကို အိန္ဒိယပို့တာ ဘယ်သူလဲ ဆိုတာ လေ့လာဖို့ပါ၊ သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊ တွေ့ကရာနဲ့ယူပြီးတော့မှ ဟိုအပြစ်တင်၊ ဒီအပြစ် တင်လုပ်နေတာကတော့ မကောင်းပါဘူး၊၊ မကြာခဏကိုးကား နေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာ ပေါ့ဆိုတဲ့ စကားဟာ အင်မတန် အနှစ်သာရ ကင်းမဲ့ ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင် ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊ ကိုယ့်ရဲ့ အနေအထားကို သတိပြုခဲ့သင့်တာပေါ့၊၊

သူတစ်ယောက်တည်း အတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊ အမျိုးသားအရေး မှာတော့အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကိုကျူးလွန်ခဲ့တာပါပဲ၊၊လွန်ခဲ့တဲ့လေးနှစ်လောက်က တောင်ကို ရီးယားဝန်ကြီးချုပ် ရာထူးအတွက် သမ္မတလီမြောင်ဘတ်က အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ် လောင်းအမျိုးသမီးက ကိုရီးယားအချင်း အိမ်ထောင် ပြုပြီး သားသမီးမွေးတဲ့အခါ အမေရိ ကန်မှာသွားမွေးပါတယ်၊ အဲဒီမှာ မွေးရင် natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေးအတွက် ဒီလို ကြံ စည်ပြီး ဆောင်ရွက်ခဲ့တာပါ၊၊ ဆိုပါတော့ အဲဒီအမျိုးသမီးရဲ့ သားနှစ်ဦးက အမေရိကန်မှာ ပညာ သင်ကြားပြီး အမေရိကန် နိုင်ငံသား ခံယူကြပါတယ်၊ အဲဒါက ဘာမှအရေးကြီးတဲ့ ကိစ္စမဟုတ်ပေမယ့် ၀န်ကြီးချုပ် အမည် စာရင်း တင်သွင်းခဲ့ရတဲ့အခါမှာ သူ့သား နှစ်ဦးက အမေရိကန် နိုင်ငံသားတွေ ဖြစ်နေကြလို့ ပါလီမန်က ကန့် ကွက်ခဲ့ပါတယ်၊ သူဝန်ကြီးချုပ်မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်း မျိုးချစ်တွေ ကြောင့်ေ ပါ့၊၊

မကြာသေးမီက ဒီမှာလည်းဒုသမ္မတ ရွေးရာမှာတစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေကို ဘာကြောင့်ပယ်ခဲ့ တာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊၊နိုင်ငံတော် အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေး ဆွဲပြီး ချမှတ် ခဲ့တာပါ၊ ၂၀၀၈-ဥပဒေ မှာလည်း အဲဒီအချက်ကိုပဲ မပြောင်းမလွဲ ဒီအတိုင်း ပြဌာန်း ခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့  ကြိုးစား နေတာပါ၊၊

ဘယ်အာဏာရှင်ကမှ သူ့ကိုတားမြစ်နေတာမဟုတ်ပါဘူး၊၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင် ဆန်းက နိုင်ငံနဲ့လူမျိုးအတွက်သူ့သမီးကို သူကိုယ်တိုင်တားမြစ် ထားခဲ့တာပါ၊၊ ဒေါ်စုအနေနဲ့ ဘယ်သူ့ကိုမှ အပြစ် မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကိုယူခဲ့မိတဲ့ သူကိုယ်တိုင်ကို အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲမတင်ဖို့တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့တိုင်းပြုြ ပည်ပြု လွှတ်တော်ကိုအပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ လုပ်သင့် ပါတယ်၊၊ သူ့ အရည် အချင်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်၊၊ သူဦးဆောင်ရင် တိုင်းပြည်တိုးတက်မှုမြန်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေ မယ့် အဲဒီတစ်ချက်တည်းနဲ့တော့ နိုင်ငံရဲ့အခြေခံဥပဒေကိုစက္ကူစုတ်ဖြစ်အောင်မလုပ်သင့်ပါဘူး၊၊ သူ့ တစ်ယောက်တည်းအတွက် အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံ ဇရပ်စုပ်လို ၀င်ချင် သူဝင်၊ထွက်ချင် သူထွက် လုပ်ချင်ရာ လုပ်နိုင်တဲ့ နိုင်ငံ ဖြစ်သွား ပါလိမ့်မယ်၊၊ အဓိက က လူထက် စနစ် ကသာ အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူ ပဲ ခေါင်းဆောင်၊ ခေါင်းဆောင်စနစ်က သူ့ဘာသာလည်ပတ် နေပြီး လူကစနစ် ပေါ်မှာ အလိုက်သင့် လိုက်နေရုံပါပဲ၊ အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်း ပါပဲ၊ ဒီမှာလည်း လူတစ်ယောက်ကို အားကိုး တာထက် စနစ် ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်းတည်ဆောက်သင့် ပါ တယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်မှာ တိုင်းပြည်တိုးတက်ခဲ့တာပါပဲ၊ အဲဒီအချိန်က ဒေါ် စု  တောင်လူမမယ် အရွယ်လောက်ပဲရှိသေး တာပါ ၊သူလုပ်မှ တိုင်းပြည်တိုးတက်မယ် ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု သက်သက်သာ ဖြစ်ပါ တယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကို အပြစ်တင်ပြီး နိုင်ငံ အတွက် ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ဥပဒေကို ပယ်ဖျက်ဖို့မကြိုးစားပဲ တိုင်းပြည် ခေါင်းဆောင် သားသ မီး တစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက် အပြစ်ချေတဲ့အနေနဲ့ ကျရာ ကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ ဘယ်နေရာကပဲ လုပ်ရလုပ်ရ နိုင်ငံအတွက်လုပ်မယ်ဆိုတဲ့ စိတ် ဓါတ် မွေးသင့်ပါတယ်၊၊ အမျိုးသား ရင်ကြား စေ့ရေး ကြိုးစား နေတယ် ဆိုရင် မိမိ ကြောင့် ပြည်သူ လူထု အတွင်း စိတ်ဝမ်း ကွဲပြားမှု မဖြစ်ရ အော င်ေ ဆာင်ရွက် သင့် ပါတယ်။

ကျွန်တော် တို့ သာမန် နိုင်ငံသား တွေ အနေနဲ့ လည်း အချင်းချင်း စိတ်ဝမ်း ကွဲပြား စေမယ့် အလုပ်တွေ မလုပ်သင့် တော့ပါ လို့ တိုက်တွန်း ချင်ပါတယ် ခင်ဗျာ .....

Kyi Soe

0 comments: