Monday, August 19, 2013
0



အနုပညာလောကအတွင်း ထင်ရှားသည့် စုံတွဲတစ်တွဲအဖြစ်တည်ရှိခဲ့ပြီး ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြင့် နာမည်ကြီးလှသော မော်ဒယ်ဘုဏ်းသိုက်နှင့်အဆိုတော်ချမ်းချမ်းတို့ နှစ်ဦးသည် ယခုမေလလယ်ပိုင်းတွင် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မော်ဒယ်ဘုဏ်းသိုက်ကပြောသည်။

“ဟိုအရင်က ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ်ကြတာက ချစ်သူတွေသဘာဝ ရိုးရိုးတန်းတန်းကိစ္စလေးတွေ နဲ့ဖြစ်ကြတာပါ။ အခုတစ်ခါမှာတော့ ကျွန်တော်ဘယ်လိုမှ လက်ခံလို့မရတဲ့အတိုင်းအတာဖြစ်တဲ့ အ တွက် ပြန်လက်တွဲဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ စဖြစ်ခါစကတော့ ဒေါသလည်းထွက်တယ်။ စိတ်လည်း မကောင်းဘူး။ ယောက်ျား တစ်ယောက်ရဲ့မာနကိုထိခိုက်တယ်လို့ခံစားရတယ်။ ဒီရက်ပိုင်း ဘာအလုပ်မှ လည်းလုပ်လို့မရဘူး။ သူ သြစတြေးလျမထွက်သွားခင်ကတည်းက ကျွန်တော်တို့လမ်းခွဲလိုက် တာပါ”ဟု ဘုဏ်းသိုက်ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချမ်းချမ်းကိုမေးမြန်းရန်ဆက်သွယ်သော်လည်း သြစတြေးလျသို့ပြည်ပဖျော်ဖြေပွဲ ခရီးသွားနေသည့်အတွက်ချမ်းချမ်း၏အစ်မဖြစ်သူထံ ဆက်သွယ်မေးမြန်းရာတွင် “သူတို့နှစ်ယောက်လမ်းခွဲ လိုက်တယ်ဆိုတာကတော့တကယ်ပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းတွေကြောင့်ဆိုတာ ကျွန်မတို့က ကာယ ကံရှင်မဟုတ် တဲ့အတွက် မပြောနိုင်ပါဘူး”ဟု ဖြေကြားခဲ့သည်။

ချမ်းချမ်းသည် မေလလယ်က သြစတြေးလျသို့ ပြည်ပဖျော်ဖြေပွဲအတွက် ရန်ကုန်မှမေလ ၁၇ ရက်တွင် ထွက်ခွာသွားပြီး ဇွန်လ ၇ ရက်နေ့တွင်မှပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ သြစတြေးလျသို့ ချမ်းချမ်း မထွက်ခွာခင်အချိန်တည်းက ဘုဏ်းသိုက်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ခုချိန်မှာဘာအလုပ်မှ မလုပ်နိုင်အောင်အရမ်းခံစားရလို့ အလုပ်တွေအကုန်လုံးကို ဒီတစ်ပတ်လုံးလုံးဝ မလုပ်ဘဲ နောက်တစ်ပတ်ထဲနောက်ဆုတ်ထားပါတယ်”ဟု ဘုဏ်းသိုက်က သူ၏လက်ရှိခံစားချက် ကိုပြောပြသည်။ ချမ်းချမ်းနှင့်ဘုဏ်းသိုက်သည် ချမ်းချမ်း၏ “တကယ်ဆိုရင်အချစ်ပဲလိုတယ်” ဗီစီဒီတွင် “နေပါစေ” သီချင်း၌အတူတွဲ ဖက်သရုပ်ဆောင်ခဲ့ပြီး ၄င်းတို့နှစ်ဦး၏ အချစ်ရေးနှင့်ပတ်သက်၍ စာမျက်နှာ များထက်တွင် ပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ခြင်းများရှိခဲ့သည်။



0 comments: