Wednesday, August 14, 2013
0




အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်
ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့ က အပူ တပြင်း လိုက်လံ ဖမ်းဆီး
နေ ပြီ ဖြစ်ပါတယ်။

သောကြာနေ့  ည ဘက် ဒါမှမဟုတ် စနေ နေ့ မနက် လင်းအားကြီး အချိန် မှာ လိင်
ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား ခံရတာ ဖြစ် တယ်လို့  ရဲတပ် ဖွဲ့  က အင်္ဂါနေ့ ကျ
မှ သတင်း ထုတ် ပြန်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေး ကို စနေ နေ့ မနက် မှာ ရထား ဘူတာ
ရုံ မှာ တွေ့ ရှိ ပြီး နောက် ရဲတပ် ဖွဲ့  က ဆေးရူံ ကို ပို့  ဆောင်ခဲ့ ပါတယ်။
မိန်းကလေး ရဲ့  ပြော ပြ ချက် အရ သူ့ ကို သားမယား ပြု ကျင့်ခဲ့ သူဟာ အသက်
၄၀ လောက်ရှိ ပြီ လို့  ဆိုပါတယ်။

ဘီလပူုရ ရဲတပ် ဖွဲ့  က သံသယ ရှိသူ ကို သတင်း ပေး နိုင်ခဲ့ ရင် အမေရိကန် ဒေါ်လာ
၄၀၈ ဒေါ်လာ နဲ့  ညီမျှ တဲ့ ရုပီး ငွေ ကို ပေးမယ်လို့  ကြေငြာထား ပါတယ်။
သားမယား ပြု ကျင့်ခဲ့သူ က မိန်းကလေး ကို ရူပီး ၁၆ ဆင့် ပေးခဲ့ တယ် လို့  မိန်းကလေးရဲ့ 
ပြောကြား ချက် ကို ကိုးကား ပြီး ရဲတပ် ဖွဲ့  က ပြောပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ  က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ လေး ကို နယူးဒေလီ
က ဘတ်(စ) ကား ပေါ် မှာ မုဒိမ်းကျင့် ပြီး ရိုက် နှက် သတ် ဖြတ် မှု ပေါ်ပေါက် ပြီး နောက် အိန္ဒိ
ယ နိုင်ငံ တ၀ှမ်းမှာ အမျိုးသမီး အခွင့် အရေးတောင်းဆို တိုက် ပွဲ ၀င်မှု တွေ ပေါ်ပေါက် ခဲ့ ပါတယ်

0 comments: