Wednesday, August 14, 2013
0



သြဂုတ်လ(၉)ရက်နေ့ ၂၁၀၀ချိန်ခန့်က -----ရပ်ကွက်၊အောင်မြေသာစံမြို့နယ်နေ ဦးလှဖေသည် ၎င်း၏ ဇနီးဖြစ်သူမှ အကြောင်းကြားချက်အရ သမီး မ-----၊(၁၉)နှစ်၊ ဒုတိယနှစ်(အင်္ဂလိပ်စာ)မှာ အိမ်ပြန် မရောက်သေးကြောင်း၊မွေးနေ့ပွဲကျင်းပရာ နန်းရှေ့၊ရေနီမြောင်းအနီးရှိ Cafe Broiiy ဆိုင်တွင် အရက်သေ စာသောက်စားနေ ရာမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုးမင်းသန့်၊ဖုန်းမြတ်သူတို့နှင့်အတူ ပျောက်သွားကြောင်း
မ-----၏ သူငယ်ချင်းဖြစ်သူတစ်ဦးမှ လာရောက်ပြောပြကြောင်း သိရှိရသဖြင့် မ---အားလိုက်လံ စုံစမ်း ရှာဖွေခဲ့ရာ ၃၁(၇၇x၇၆)လမ်းရှိ Sweety Smart ဟိုတယ်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် အဆို ပါဟိုတယ်သို့ သွားရောက်ခဲ့ရာအခန်းအမှတ်(၂၀၅)တွင် တည်းခိုနေကြောင်း ပြောကြားချက်အရ ၎င်းအ ခန်းအား ဟိုတယ်တာဝန်ရှိသူများနှင့်အတူ ဖွင့်ကြည့်ခဲ့ရာ မ---အား အရက်မူးလွန်လျက် စိုးမင်းသန့်နှင့် အ တူ ကုတင်ပေါ်တွင် အောက်ပိုင်းအ၀တ်မပါသည့် အနေအထားဖြင့်တွေ့ရှိရပြီး စိုးမင်းသန့်မှ အရက်မူး လွန်နေသူ မ---အား သားမယား အဖြစ်ပြုကျင့် ထားကြောင်းနှင့် ဖုန်းမြတ်သူမှလည်း သားမယား အဖြစ်ပြု ကျင့်သွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် မ---အားဟိုတယ်သို့ခေါ်လာခဲ့ပြီး မ----ထံမှ တွေ့ရှိရသည့် မ---၏ မှတ်ပုံတင်တစ်ခုဖြင့် အခန်းငှားကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရှိရသဖြင့် အရက်အမူးလွန်နေ သူမ---အားဟိုတယ်သို့ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့်ခဲ့သူ စိုးမင်းသန့်(၂၁)နှစ်၊(ဘ)ဦးသောင်းမြင့်ဝင်း စိုး၊(၅/ရဥန(နိုင်)၀၉၄၀၄၉)၊ ချင်းတွင်းကောလိပ်(ပုဂ္ဂလိကသင်တန်းကျောင်း)၊Electrical Eletronic (ဒုတိ ယနှစ်)၊ အောင်ချမ်းသာရပ်ကွက်၊အလယ်လမ်း၊ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နေသူနှင့် ဖုန်းမြတ် သူ(ခ)ကိုဖုန်း(ခ)ဘေဘီလေး၊(၁၉)နှစ်၊(ဘ)ဦးသိန်းနိုင်ဦး၊(၁/ဆဘတ(နိုင်)၀၀၂၆၅၃၊င်းတွင်းကောလိပ်(ပုဂ္ဂ လိကသင်တန်းကျောင်း)၊Electrical Eletronic (ဒုတိယနှစ်)၊(မ-၁၅)၊အောင်ဇမ္ဗူကျော်တိုက်တန်း၊(၃၉x ၄၁)၈၇လမ်းနေသူတို့နှစ်ဦးအား အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် သြဂုတ်လ (၁၀)ရက်ေ န့ ၀၄း၃၀ အချိန်တွင် အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၃၄၃/၂၀၁၃၊ပြစ်မှုပုဒ်မ-၃၇၆/၃၄ ဖြင့် အမှုဖွင့် အရေးယူ
ထားကြောင်း သိရှိရသည်။

အင်တာနက်သတင်းမှ ကူးယူဖော်ပြသည်။



0 comments: