Friday, August 23, 2013
0


ဗြိတိန်နိုင်ငံမှလူငယ်များ နိုင်ငံခြားတိုင်းပြည်များတွင် အတင်းအဓမ္မလက်ထပ်ပေးခံရခြင်းအန္တရာယ်မှ ကာကွယ်ရန် ဗြိတိန်နိုင်ငံမှ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့က ပြောင်မြောက်သော လှည့်ကွက်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်သည်။
နိုင်ငံရပ်ခြားသို့ ထွက်ခွာရမည့် အတင်းအဓမ္မလက်ထပ်ပေးခံရမည့် ဗြိတိန်နိုင်ငံမှ လူငယ်များသည် လေဆိပ်သို့ မထွက်ခွာမီ ဇွန်းများကို ၄င်းတို့၏အတွင်းခံဘောင်းဘီများအတွင်း ၀ှက်၍ယူဆောင်ကြရန် ကာမနာဗန်နာအဖွဲ့က အကြံပေးလိုက်သည်။

၎င်းတို့ဇွန်းများဝှက်၍ ယူဆောင်လာပါက လေဆိပ်ရှိ သတ္တုစမ်းသပ်ရေးကရိယာက အချက်ပေးကာ လုံခြုံရေးကသိရှိပြီး အဓမ္မလက်ထပ်ပေးခြင်းခံရရန် အလားအလာရှိသူ၏ နောက်ဆုံးအကြိမ်ရင်ဖွင့်စ ကားကို အာဏာပိုင်များငို့ ပြောကြားနိုင်မည်ဖြစ်သည်။

အဓမ္မလက်ထပ်ပေးခြင်းခံရမည်ကို (သို့မဟုတ်) မည်သည့်အချိန်လက်ထပ်ပေးခြင်းခံရမည် အတိအ ကျ မသိကြသည့် အမျိုးသမီးများ အမျိုးသမီးငယ်များသည် ၄င်းတို့အတွင်းခံဘောင်းဘီများထဲတွင် ဇွန်းများဝှက်၍ ယူလာသင့်ကြောင်း ကာမနာဗန်နာအဖွဲ့မှ မန်နေဂျာ နာတာရှာရာတုက ပြောသည်။

ဗြိတိန်နိုင်ငံသားများသည် တောင်အာရှဒေသရှိ ၄င်းတို့၏ မိဘများလာသော နိုင်ငံများတွင် အဓမ္မလက် ထပ်ပေးခြင်းခံရသည့် အမှုများမှာ နိုင်ငံပေါင်း ၆၀နှင့် ဆက်စပ်မှုရှိပြီး ယင်းအမှုများ၏ ထက်ဝက်ခန့်မှာ ပါကစ္စတန်နိုင်ငံမှဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ၁၁ ရာခိုင်နှုန်း၊ အန္ဒိယနိုင်ငံတွင် ၈ ရာခိုင်နှုန်း၊ အာဖဂန်နစ္စတန်နိုင်ငံတွင် ၂ ရာခိုင်နှုန်း အဓမ္မလက်ထပ်ပေးခြင်းခံရသည်။

Ref; FOX NEWS


0 comments: