Tuesday, August 20, 2013
0
 
မူးဝေခြင်း (motion sickness )
ခရီးသွားစဉ်ကားမူးခြင်း၊ လှိုင်းမူးခြင်းတို့ဖြစ်ပါက ပြတင်းပေါက်မှတစ်ဆင့် အဝေးတစ်နေရာသို့ ကြည့်ပေး ပါ။ မျက်စိ၊နားနှင့် ခြေဆစ်လက်ဆစ်များမှ ဦးနှောက်ထံသတင်းအချက်အလက်များ အဆက်မပြတ်ပေး ပို့နေစဉ် ဦးနှောက်မှနားလည်မှုလွဲပါက ရုတ်တရက်မူးဝေ လာတတ်သည်။ သင်္ဘောခရီးဆိုပါက ကုန်း ပတ်ပေါ်တက်၍ လေကောင်းလေသန့်ထွက်ရှူပါ။ လှုပ်ယမ်းမှုအနည်း ဆုံးဖြစ်ပေါ်သည့်သင်္ဘောအထပ်နိမ့် အလယ်ပိုင်းတွင် နေထိုင်ပါ။ ကားစီးလျှင် ရှေ့ဘီးနှင့် နောက်ဘီးကြားအလယ်ခုံများ၌ ထိုင်ပါ။
ဝမ်းပျက်ခြင်း
သင်္ဘောရက်ရှည်ခရီးသွားတဲ့အခါ သင်္ဘောတစ်ခုလုံး ဝမ်းပျက်ဝမ်းလျှောကပ်ကျရောက်တတ်ပါတယ်။ Norovirus အမည်ရှိ ဗိုင်းရပ်ဟာ သင်္ဘောဆရာဝန်တွေကြောက်ရတဲ့ပိုးဖြစ်ပြီး မသန့်ရှင်းမှုကြောင့် အဓိက ကူးစက်လေ့ရှိပါတယ်။ သင်္ဘောစားသောက်ခန်း၊ သန့်စင်ခန်းများအနေနှင့် သန့်ရှင်းဖို့အထူးလို အပ်ပါတယ် ။
နားအူခြင်း
သန်းဝေခြင်း၊ ပီကေဝါးခြင်းဖြင့် နားအူ၊ နားပိတ်ခြင်းမှသက်သာစေပါတယ်။ လေယာဉ်ခရီးမသွားခင် pseudoephedrine ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးကို နာရီဝက်ခန့်ကြို သောက်ခြင်းဖြင့် နားအူ၊ နားပိတ် သက်သာစေပါတယ်။
Source:RD
Health Updates Journal

0 comments: