Tuesday, August 20, 2013
0

နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာ တစ်ဦးဟာ ခရီးတစ် ခုကို ထွက်လာခဲ့ကြတယ် ။ သူတို့ဦးတည်ချက်က ပရော်ဖက်ဆာရဲ့အိမ်ကလေးဆီကိုပါ ။ ဒီလိုနဲ့ခရီးလည်း ဆုံးတော့ လှပသေသပ်တဲ့အိမ်ကလေးတစ်လုံးဆီရောက်လာခဲ့ကြတယ်။


အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြောဆိုကြ တယ်။ ထုံးစံအတိုင်း သူတို့ဘ၀ဟာ စိတ်ဖိစီးမှုဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက် ခဲကြမ်းတမ်းကြောင်းစသဖြင့်ပေါ့ ။ ပရော်ဖက်ဆာကပြုံးပြီးအိမ်ထဲဝင်သွားတယ် ။ ပြန်ထွက်လာတော့ သူ့ လက်ထဲမှာ လင်ဗန်းတစ်ခုပါလာတယ် ။

လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပါတယ် ။ စတီးခွက် ကြွေခွက် ပလတ်စတစ်ခွက်စ သဖြင့်ပေါ့ ။ ပြီးတော့ကျောင်းသားတွေအလယ်မှာချပြီး ကိုယ့်ဘာသာ ယူသောက်ကြဖို့ညွှန်ကြားခဲ့တယ် ။ ကျောင်း သားတွေဟာ သူတို့နှစ်သက်ရာခွက်တွေယူပြီးကော်ဖီကို အသီးသီးယူသောက်ကြတယ် ။

အားလုံးကော်ဖီတွေထည့်ပြီးချိန်မှာ ပရော်ဖက်ဆာကပြောတယ် ။

“ အခုကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခွက်တွေ ကိုပဲ ယူသောက်ကြတာတွေ့တယ် ..တကယ်တော့ကော်ဖီရဲ့ အနှစ်သာရဟာ ဒီခွက်တွေပေါ်မှာ မူတည်နေ တာမဟုတ်ပါဘူး ဒီလိုပဲဘ၀မှာ ကိုယ်ဟာအကောင်းစားတွေ ကိုလိုချင်တယ် အောင်မြင်မှုကိုတပ်မက် တယ်ဆိုရင်တော့ ခက်ခဲကြမ်းတမ်းမှုတွေကို မညည်းညူပါနဲ့ အဲဒါတွေက အပေါ်ယံအခွံတွေပါ ဘယ်ခွက်နဲ့ ပဲသောက်သောက် ကော်ဖီအရသာက ဒီအတိုင်းမပြောင်းလဲပါဘူး ”

===================================

ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ

“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”

သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?

သက်တန့်ချို ဘာသာပြန်သည် ။
မူရင်း - A cup of tea

0 comments: