Tuesday, August 20, 2013
0


ရန်ကုန်မြို့တွင်း ညပိုင်းအချိန် ခရီးသည်တင်ယာဉ် ရှားပါးခြင်းကြောင့် ခရီးသွား ပြည်သူများ သွားလာရေး အတွက် အခက်အခဲ ဖြစ်နေခြင်းကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ခရီးသွား ပြည်သူများ ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ခေတ်စနစ်များအရသော်လည်းကောင်း ၊ ပြောင်းလဲလာသော စီး ပွားရေးပြုပြင်ပြောင်းလဲမှုများအရသော်လည်းကောင်း ရန်ကုန်မြို့တွင်းသို့ နိုင်ငံခြားခရီးသွားများ လာရောက် မှုများရှိနေပြီး မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ နှင့် တက္ကစီများကို အသုံးပြုသွားလာ နေ ကြရသည်။

ယခုအခါ ညပိုင်း ၉ နာရီကျော်လျှင် Down Town ၆ မြို့နယ်အတွင်း ခရီးသည်တင်ယာဉ်များမှာ လွန်စွာ ရှားပါးနေပြီး ကားခပိုမိုတိုးမြှင့် ကောက်ခံခြင်း ကြောင့် မြို့တွင်း ခရီးသည်များမှာ တစ်နေရာ နှင့် တစ်နေရာ သွားလာရေးအတွက် လွန်စွာခက်ခဲနေကြောင်းသိရသည်။ " ညပိုင်းဆိုရင် မြို့ထဲမှာ လိုင်းကား မရှိတော့ဘူး ၊ ဆယ်နာရီ လောက်အထိကို တစ်စီးစ ၊ နှစ်စီးစရှိသေးတယ် ၊ ဒီထက် အချိန် ကျော်သွားရန် ကားလုံးဝ မရှိတော့ဘူး ၊ အရင်က အောက်ဆိုက်ကားတွေရှိတာပဲ ၊ လိုက်ထရပ် ကားတွေနဲ့ ဆွဲတာ ၊ တစ်ယောက်ကို ခရီးအကွာ ဝေးပေါ်မူတည်ပြီး နှစ်ရာကနေ ငါးရာအထိ ပေးစီးရတယ် ၊ အခု လိုင်းကားတွေလည်း မရှိတော့ ဘူး ၊ အောက်ဆိုက်ကားတွေက လုံးဝမရှိတော့ဘူး .... " ဟု ညပိုင်း ၀န်ထမ်းတစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန် မြို့တွင်းရှိ စူပါမားကတ်များ ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ ၊ စတိုးဆိုင်များ နှင့် အခြားသော ကုမ္ပ ဏီများတွင် လုပ်ကိုင်သော ၀န်ထမ်းများ ညပိုင်း ဆယ်နာရီ ကျော်အချိန်မှ အလုပ်ဆင်းရသည့် အမျိုးသမီး ၀န်ထမ်းများသည် လုပ်ငန်းခွင် ပြီးဆုံး၍ အိမ်ပြန်ချိန် တွင် သွားလာရေး စနစ် အခက်အခဲ များ ရှိနေကြောင်း သိရသည်။

ယခုအခါ ညပိုင်း အချိန်တွင် အောက်ဆိုက်ကားများမှာ Down Town ၆မြို့နယ်၏ ပြင်ပတွင်သာ ရှိတော့ကြောင်း သိရှိရသည်။
credit:MWD

0 comments: