ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဘာသာခြားယောက်ျား တစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်း လဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့ကမိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။
အဆိုပါ မျိုးစောင့်ဥပဒေနှင့် ပတ်သတ်ပြီး "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ကိုက်ညီလား၊ မလား ကြည့်ရမှာ တစ် ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက် က ကြည့်ရမှာပေါ့" လို့ RFA ကို ပြောကြားလိုက်ပါတယ်။

0 comments:
Post a Comment