Monday, August 12, 2013
0




လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူများ၏ ဖိအားပေးတောင်းဆိုမှုများရှိနေသော်လည်း ရုရှားနိုင်ငံတွင် ကျင်းပမည့် ဆိုချီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကြီးကို သပိတ်မှောက်မည့်အစီအစဉ်များအား လက်မ ခံနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက အတည်ပြုပြောကြားခဲ့သည်။


ရုရှားသမ္မတ ဗလာဒီမာပူတင်က လိင်တူချစ်သူများအား တားမြစ်သည့်ဥပဒေကို ပြီးခဲ့သည့်ဇွန်လအတွင်း လက်မှတ်ရေးထိုးအတည်ပြုထုတ်ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူများက ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကိုလည်း သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင် နာမည်ကြီးဗြိတိန်ရုပ်ရှင်သရုပ်ဆောင် စတီဖင်ဖရိုင်းကလည်းပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ထံ အိတ်ဖွင့်ပေးစာပေးပို့၍ ဆိုချီ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းရေးသားခဲ့သည်။ စတီဖင်ဖရိုင်း၏ပေး စာနှင့် ပက်သက်ပြီး ဒေးဗစ်ကင်မရွန်က ၄င်း၏ Twitter စာမျက်နှာမှတစ်ဆင့် ခင်ဗျားရဲ့ပေးစာအ တွက် ကျေးဇူးတင်ပါ တယ်။ ရုရှားမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပြန်လည် မျှဝေသွားမှာပါ။ ဒါပေမယ့် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်တာထက် ကျွန်တော်တို့အားလုံးတက်ရောက် တာက ပိုပြီးကောင်းမွန်တဲ့စိန်ခေါ် မှုတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ် ဟု တုံ့ပြန်ခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားကလည်း ယင်းဥပဒေကြောင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မည့်အစီအစဉ်အား လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် နာမည်ကျော် အနုပညာရှင်များဖြစ်သည့် မက်ဒေါနားနှင့် လေဒီဂါဂါ တို့ကမှု လိင်တူချစ်သူများကို တားမြစ်ပိတ်ပင်သည့် ယင်း ဥပဒေကို ဝေဖန်မှုများပြုလုပ်ခဲ့သည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၂၃ ရက် အထိ ကျန်းပရန်စီစဉ်ထားကြောင်းသိရသည်။

0 comments: