Wednesday, August 21, 2013
0
စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် အောက်စ်ဖို့ တက္ကသိုလ်က ထွက်လာပါ တယ်။ ဆဲဆိုခြင်း သမိုင်းအကျဉ်း တဲ့။ဆဲဆိုခြင်းဟာ မယဉ်ကျေးဘူး၊ ကိုယ့်ရဲ့ လူမှုရေးအဆင့်ကို ထိခိုက်စေတယ်ဆိုတဲ့ အချက်ကို သမိုင်း အဆက်ဆက်က လူတွေလက်ခံသလို သမိုင်းအဆက်ဆက်မှာလည်း ဆဲဆိုတဲ့ ဝေါဟာရတွေ ရှိနေခဲ့တယ်။ လူတွေဘာကြောင့် ဆဲဆိုကြသလဲဆိုရင်တော့ စိတ်တင်းကျပ်မှုကို ပြေလျော့စေလို့၊ တခါတခါ စိတ်ကျေ နပ်မှုကိုတောင် ရစေလို့လို့ ဆိုပါတယ်။

ပါမောက္ခက သူမရဲ့ ဆဲဆိုခြင်း သမိုင်းအကျဉ်းကို နှစ်ပေါင်း နှစ်ထောင်ကျော်က ရောမခေတ် လက်တင်လို ဆဲသံဆိုသတွေနဲ့ စတင်ချီလာခဲ့တယ်။လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေဟာ အလွန်ရိုင်းစိုင်းတဲ့ ဝေါဟာရတွေအဖြစ် ရောမခေတ်မှာ လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီ ဝေါဟာရတွေဟာ ဒီခေတ်မှာ မရိုင်းဆိုင်းတော့ပါဘူး။ အထူးသဖြင့် ဆေးပညာရပ် သင်္ခန်းစာ၊ ကျန်းမာရေးသင်တန်းတွေမှာ ဆို ဖော်မယ် ဖြစ်နေကြပါပြီ။ ရောမခေတ်မှာဆို အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေရဲ့ အမည်ကို ဘယ်လိုနေ ရာမျိုးမှာမှ သုံးစွဲဖို့ မအပ် တဲ့ ဝေါဟာရေ တွပါ။

နောက်ပြီး Godနဲ့ ဆက်စပ်တဲ့ ဝေါဟာရတိုင်းဟာ ဘာသာရေး စော်ကားမှုတစ်ခုလို့ ယူဆကြပါသတဲ့။ ဥပ မာ Oh,my God လို စကားမျိုးပါ။ ဒါပေမဲ့ ဒီခေတ်မှာ ဒီဝေါဟာရ ဘယ်လောက်တွင်ကျယ်ပြီး ဘယ်လောက် ယဉ်ကျေး တယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။၁၉ ရာစုနဲ့ ၂၁ရာစု ဝေါဟာရ သတ်မှတ်ချက်ကတော့ အင် တာနက် မပေါ်ခင်အထိ ထူးထူးခြားခြားကွာဟမှုမရှိခဲ့ပါဘူး။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ပြု မူဆောင်ရွက်ပုံတွေကို ပုံဖော်ပြတဲ့စကားတွေဟာ ရိုင်ဆိုင်းဆဲပါ။ "F**k "လို ဝေါဟာရတွေကို ထောက်ပြ တယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံတွေမှာ (အထူးသဖြင့် အမေရိကန်တွေ) "Sh*t" "D**k" "Holly D**k" "P**s" စတဲ့ ဝောဟာရတွေဟာ ပုံမှန် ဝေါဟာရတွေဖြစ်ေ န တာကြာပါပြီ။အင်တာနက်က တဆင့် ဒီ စကားလုံးတွေ ပြန့်သွားလိုက်တာ တစ်ကမ္ဘာလုံးက ချတ်တင်း ရုမ်းတွေထဲမှာ ဒီ စကားလုံးတွေမြင်လို့ အံ့ဩတကြီး မဖြစ်ကြရတော့ဘူး တဲ့။

ဒီခေတ်မှာ လူထုလက်မခံနိုင်တဲ့ အဆိုးဆုံးဝေါဟာတွေက "nigger" "retards" "cripple" "black people" "monkey" စတာတွေ ဖြစ်လာခဲ့ ပါပြီ။ နိုင်ငံရေးသမားတစ်ယောက်က F**k ဆိုတဲ့ စကားလုံးကို လူထုေ ရှ့သုံးလို့ ဘာမှမဖြစ်ပေမဲ့ "nigger" "retards" "cripple" "black people"တဲ့ စကားလုံးတွေကို လူထုရှေ့မှာသုံးလိုက်ရင်တော့ သူ့ရဲ့ဘဝနဲ့ အလုပ်ပါ ကမောက်ကမ ဖြစ်သွားနိုင်တယ် လို့ ဆွေးနွေးပြထား ပါတယ်။

သူပြောမှ ငယ်ငယ်ကရွာကလူကြီးတချို့ပုံပြောသံကို ကြားယောင်မိပါတယ်။"ခွေးမသားလေးတွေ၊ နင်တို့ က ပြောရင်ယုံမှာတောင်မဟုတ်ဘူး။ ဟိုတုံးက တို့ရွာမှာ ကမျင်းမမိအေးဆိုတဲ့ ကောင်မ ရှိဖူးတယ်။ သူ့ ကို သေနာကောင် ငမူးက မရ ပန်းသေ အရူးအမူးကို ကြိုက်နေတာ။ ပြဿနာက လူလွန်မသား၊ သူကြီး သား ငထွားပဲ "ကျနော်တို့က ဆဲနေတယ်လို့ကို မခံစားရဘူး။ အားလုံး ပျော်လို့ ရွှင်လို့ပဲ။

စိတ်ဝင်စားရင်
Brief History of Swearing

0 comments: