Wednesday, November 07, 2012
0
 
၃၈လွှာရှိသည့် အမြင့်ဆုံး အဆောက်အအုံဖြစ်သော 555 Merchant  Street Office Tower DevelopmentProject ကို တည်ဆောက်မည်ဖြစ်ပြီး ၁၆ ထပ် အထိသာ အမြင့်ဆုံးဆောက်လုပ်ရန် သတ်မှတ် ထားသော်လည်း စည်ပင်မှ ၃၈ လွှာ အထိ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ကြောင်း  နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် 555 Merchant  Street Office Tower DevelopmentProject စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ယင်းအဆောက်အဦကို ရန်ကုန်မြို့ ၃၆ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါProjectကိုလာမည့်၂၀၁၃နှစ်လယ်ပိုင်းတွင် စတင်ဆောက် လုပ်သွားမည်ဖြစ်ပြီး  ဆောက်လုပ်မည် အချိန်ကာလမှာ ၁၈ လ၊၂၄ လနှင့် လပေါင်း ၃၀ ကျော်သာ ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အဆောက်အဦဆောက်လုပ်ခြင်းနှင့်ပက်သက်၍ တာဝန်ရှိသူတစ်ဦးက''ကျွန်တော်တို့က ဒီဆောက် အဦ ကိုမြန်မာနိုင်ငံမှာ အမြင့်ဆုံးလို့လည်းပြောလို့ရပါတယ်။ ဒီမှာက၁၆ထပ်ကျော်ရင်ခွင့်မပြုတာတွေရှိ တယ်။ဒါပေမဲ့ကျွန်တော်တို့ဆောက်လုပ်ဖို့စာတင်လိုက်တဲ့အခါကျတော့မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ
 ဖြစ်လာပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်ဆဲပါ။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော်တို့ ဒီပရော်ဂျက်ကို အမှန်တစ်ကယ် ဆောက်လုပ်သွားမှာပါ” ဟု ပြောခဲ့သည်။

ထို့အပြ င်ဆောက်လုပ်ရာတွင် လည်းနိုင်ငံတကာအဆင့်အတန်း မှီဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်း အဆောက်အဦးတွင် Shopping Mall နှင့်  Office များကိုသာ အဓိကထားပြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး လူနေတိုက်ခန်းများ အနည်းငယ်သာ ထည့်သွင်းဆောက်လုပ်သွားမည်ြုဖစ်ကြောင်းသိရသည်။ သို့သော် ယင်းအဆောက်အဦများဆောက်လုပ်ရာတွင်ကားပါကင်များကိုသေချာစွာဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ငလျှင်ကြောရှိမရှိသေချာစမ်းသပ်ပြီးမှဆောက်လုပ်မည်ဖြစ်ပြီးယင်း အဆောက်အဦကို အနည်း ဆုံးနှစ်တစ်ရာခံအောင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ဆောက်လုပ်ရာ၌ ကုန်ကျ မည့်ငွေမှာအနည်းဆုံး အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်အထက် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့  တိုက်ခန်းတစ်ခန်းကို ဘယ်လောက်ကျမယ်ဆိုတာတော့  မတွက်ချက်ရသေးပါဘူး။ပြီးတော့
လည်းကျွန်တော်တို့ကအမြင့်ဆုံးဆောက်လုပ်မှာဖြစ်တဲ့အတွက်ဆောက်လုပ်တဲ့အခါကျရင်လည်းပတ်ဝန်း ကျင်ထိခိုက်မှု ရှိမရှိကိုပါ သေချာစဉ်းစားပြီးတော့မှ ဆောက်လုပ်မှာပါ’’ ဟု ပြောသည်။

0 comments: