Wednesday, November 07, 2012
0
 857
မြန်မာနိုင်ငံသားဥပဒေကိုအသစ်ရေးဆွဲပြဌာန်းပြီးလက်ရှိမြန်မာနိုင်ငံသားဥပဒေ(၁၉၈၂ခုနှစ်၊ပြည်သူ့လွှတ်ေ
တာ် ဥပဒေအမှတ်-၄) အား ပယ်ဖျက်သင့်ကြောင်း အဆိုအား ဆွေးနွေးသည့် ကိုယ်စားလှယ်အားလုံး နီးပါးကကန့်ကွက်ခဲ့သည့်အတွက်အမျိုးသားလွှတ်တော်၌ မှတ်တမ်းအဖြစ်သာထားရှိမည်ဖြစ်ကြောင်း နိုဝင် ဘာလ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။ 

ယင်းအဆိုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက”၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေဟာ၆နှစ်ကျော်လောက်အချိန်ယူပြီးတော့ ယခင်ဥပဒေတွေ ရဲ့အားနည်းချက်တွေ၊ ပကတိဖြစ်ရပ်အခြေအနေပေါ် မူတည်ပြီးတော့နိုင်ငံတစ်ဝှမ်း ကွင်းဆင်းကာ လူထု လူတန်းစား အားလုံးကို ချပြကာ ပြန်လည်စိစစ်ဆန္ဒရယူကာ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေမှာအခန်း၁၀ခန်း၊ပုဒ်မ၇၆ခုပါဝင်ပြီးနိုင်ငံသား၊ဧည့်နိုင်ငံသား ၊ နိုင်ငံ သား  ပြုခွင့်ရရှိသူဆိုပြီး ခွဲခြားထားပါတယ်” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ “ဥပဒေအရ ၁၉၈၂ ခုနှစ်မတိုင်မီ နိုင်ငံသားဖြစ်လာသူများသည် မွေးရာပါနိုင်ငံသား မဟုတ်သော်လည်းဥပဒေအ ရနိုင်ငံသားဖြစ်လာသူများဖြစ်ပြီး ၊ထိုသူများသည်၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ၁၈ပါပြဌာန်းချက်နဲ့ငြိစွန်းပါကယင်းပုဒ်မအရအရေးယူခံရမည်ဖြစ်ပါတယ်။

 ကျွန်တော်တို့နိုင်ငံသား၊တိုင်းရင်းသားတွေနဲ့ ရုပ်ရည်သွင်ပြင်မတူတဲ့ သွေးနှောထားတဲ့သူတွေ နိုင်ငံသားစိ စစ်ရေးကတ်ကိုင်ထားတယ်ဆိုရင်ဥပဒေအရဖြစ်လာတဲ့ နိုင်ငံသားတွေဖြစ်နိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားနှင့်နိုင်ငံခြား မိဘနှစ်ပါးမှ မွေးလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘများက မွေးဖွားလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသား ပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသားပြုခွင့်ရသူ နှင့် နိုင်
ငံခြားသားမိဘနှစ်ပါးမှ မွေးလာသူများသည် နိုင်ငံသားပြုခွင့်ရသူများ အဖြစ် လျှောက်ထားကြောင်းသိရ သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးကျော်ကျော်က "၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေတစ်ခုလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်တရားမ၀င်ခိုးဝင်လာသူ လူမျိုးခြားတို့ရဲ့ လွှမ်း မိုးမှုအန္တရာယ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေတစ်ရပ်ဖြစ်တယ်ဆိုတာတွေ့နိုင်ပါတယ်။ 

၁၉၈၂ခုနှစ် မြန်မာ နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်နယ်အတွက် သာမက အခြားပြည်နယ်က တိုင်းရင်း သားတွေအတွက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံသားဥပဒေကို အသစ်ရေးဆွဲမယ် ဆို ရင် ပြင်ပနိုင်ငံတွေရဲ့ ဖိအားတွေ အမျိုးမျိုးဝင်လာနိုင်ပါတယ်။ အဲဒီလိုဖိအားတွေကြောင့် ဥပဒေအသစ်ဟာ အားပျော့ခဲ့ရင် ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေ နစ်နာကြမှာပါ။ ရခိုင်တိုင်းရင်းသား ရယ်လို့ရပ်တည်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။သျှစ်သောင်းဘုရား၊ ကိုးသောင်းဘုရားတွေလည်း အင်ဒိုနီးရှားက ဗောရောဗောဒေါ ပုထိုးတော်ကြီးလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို ခေတ်နဲ့မကိုက် ညီတဲ့ပြဌာန်းချက်အနည်းကို ပြင်ဆင်ဖြည့်စွက်ရုံနဲ့ လုံလောက်ပါတယ်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို ပယ်ဖျက်သင့်ကြောင်း အဆိုအား လုံးဝကန့်ကွက်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံသားဥပဒေကို ရေးဆွဲရာမှာ ဦးဆောင်ခဲ့တဲ့ ၁၈ ဦးထဲမှာ နယ်စပ်မှာ တာဝန်ထမ်းဆောင်ပြီး ကားအစီးလိုက် တရားမ၀င် ခိုးသွင်းတာတွေကို ကြုံတွေ့ခဲ့ရသူတွေ ပါဝင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ အချိန်ယူပြီးပြည့်စုံအောင်ရေးဆွဲထားတဲ့ဥပဒေဖြစ်တဲ့အတွက်ပြင်ဆင်ရေးဆွဲဖို့မလိုအပ်ပါဘူး။ မြန်မာနိုင်ငံသား ဥပဒေဟာအရေးကြီးပြီးလိုအပ်ပါတယ်။မြန်မာနိုင်ငံသားဘယ်နှစ်ယောက်က အခြားနိုင်ငံသားဖြစ်လိုပါသလဲ။ ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူး။ 

နယ်စပ်က နိုင်ငံခြားတွေကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့်ရရင် ဖြစ်ချင်ကြမှာပါ။ ဒီဥပဒေပြင်ဆင်ဖို့အဆိုကို ကန့်ကွက်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆွေးနွေးပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှဦးခင်မောင်(ခ)ဦးအောင်ကျော် ဦးက”နိုင်ငံသားဥပဒေဆိုတာအရေးကြီးပါတယ်။ပညာရှင်တွေကပကတိအခြေအနေ တွေနဲ့ကိုက်ညီအောင် 
 ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။လူဦးရေပေါက်ကွဲနေတဲ့နိုင်ငံနဲ့ထိစပ်နေလို့ ဒီဥပဒေက အရေးကြီး ပါတယ် ။ပြင် မယ်ဆိုလည်းဘာတွေကိုပြင်မှာလည်း၊လက်ရှိဥပဒေကိုခေတ်နဲ့ လျော်ညီအောင် ဖြည့်စွက်သုံးလို့ ရတာပဲ။ တိုင်းပြည်တိုးတက်ပြီး ငြိမ်းချမ်းနေမှ ပြုပြင်သင့်ပါတယ်” ဟုအကြံပြု ဆွေးနွေးခဲ့သည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှဦးအုန်းတင်နှင့်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုး၊‘၀’ဒီမိုကရက်တစ်ပါတီမှဦးဆိုင်ပေါင်းနပ် တို့ကလည်း"လက်ရှိကျင့်သုံးနေတဲ့၁၉၈၂ခုနှစ် မြန် မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့မလိုအပ်ပါဘူး။ ပယ်ဖျက်ဖို့ လည်းမလိုအပ်ပါဘူး။ ကောင်းမွန်ပြည့်စုံတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီအဆိုကို ကန့်ကွက်ပါတယ်” ဟု ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမန်းကံညွန့်က“ဒီအဆိုကိုကန့်လည်းမကန့်ကွက်ဘူး၊ ထောက် လည်းမထောက်ခံဘူး။ဥပဒေပညာရှင်တွေရဲ့အကြံပြုချက်တွေကို လစ်လျူမရှုသင့်ဘူး။ဥပဒေအသစ်ရေးဆွဲ မယ်၊ ဖျက်သိမ်းမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူဖို့ လိုပါတယ်”ဟု ဆွေးနွေးခဲ့သည်။

 “ဒီအချိန်ကပြင်ဆင်ရေးဆွဲရမယ့်အချိန်မဟုတ်ပါဘူး။ဥပဒေကပြည့်စုံကောင်းမွန်ပါတယ်။ဥပဒေကနှစ်၃၀ေ
လာက်ရှိနေတဲ့အတွက်ခေတ်နဲ့မညီတဲ့စကားရပ်တွေပြင်ဆင်ပြီးသုံးစွဲမယ်ဆိုရင်အဆင် ပြေပါတယ်”ဟု
 ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးမောင်အေးထွန်းက ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသားဥပဒေကို အသစ် ရေးဆွဲပြဌာန်းပြီး လက်ရှိမြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments: