Thursday, November 08, 2012
0
 

ကလေးများကိုအိမ်ရှေ့ချပေးနေသောကျောင်းကြိုပို့ကားကိုကျော်တက်ပြီးပလက်ဖောင်းပေါ်မှမောင်းသွားအမျိုးသမီး
တဦးသည် “ငတုံး” ဟူသော ဆိုင်းဘုတ်လည်ပင်းချိတ်ပြီးအခင်းဖြစ်သည့်နေရာတွင် မတ်တပ်ရပ်ရန် တနင်္လာနေ့က စီရင်ချက်ချခံလိုက်ရသည်။

 

အမှုခိုင်လုံရခြင်းအကြောင်း မှာကျော်တ က်နေပုံကိုကြိုပို့ကား ဒရိုင်ဘာကဗီဒီယိုရိုက်ကူးထားခြင်း၊ အနီးတွင်စောင့်
ကြည့်နေသော ယာဉ်ထိန်းရဲကားတစီး ရှိနေခြင်းကြောင့် ဖြစ်ဟန်တူသည်။

 

အမှုမှာ အမေရိကန် Ohio ပြည်နယ်၊ Cleveland မြို့ အသက် ၃၂ အရွယ် Shena Hardin အမည်ရှိ အမျိုးသမီး စက်တင်ဘာလကထိုသို့ယာဉ်စည်းကမ်းချိုးဖောက်မိခြင်းဖြစ်သည်။ ဗီဒီယိုပြကွက်အရထိုအမျိုးသမီး လမ်းစည်း ကမ်းဖောက်ပြီးချိန်တွင် စောင့်ကြည့်နေသည့် ရဲကားတစီးက အချက်ပြမီးဖွင့်ပြီး တားဆီးလိုက်သည်ကို တွေ့ရသည်။

ကလေးအတင်အချလုပ်နေကြောင်း အချက်ပေး အမှတ်အသားပြနေသောကျောင်းကြိုပို့ကားကိုတွေ့လျှင် မည်သည့်
ယာဉ်မဆိုရပ်တန့်ထားရန်အမေရိကန်နိုင်ငံစည်းကမ်းထုတ်ထားသည်။ကျောင်းကြိုပို့ကားမောင်းသူကအချက်ပေး အမှတ်အသား ရုပ်သိမ်းမှ ဆက်လက်သွားလာနိုင်သည်။

 

ကလေးအတင်အချလုပ်မည့်အချိန်တွင်STOPဟုထင်သာမြင်သာရှိသည့်ဆိုင်းဘုတ်သည် ကျောင်းကြိုပို့ကားဘေးတွင်
 ပေါ်ပေါက်လာတတ်ပြီး၊ အချက်ပြမီးများ ဖွင့်ထားလေ့ရှိသည်။

 
ကလေးများယာဉ်အန္တရာယ်ကင်းဝေးရန် ပြည်နယ် ၅၀ စလုံးတွင် ထိုသို့သော ယာဉ်စည်းကမ်းကို ချမှတ်ထားသည်။
အထက်ဖော်ပြပါ စည်းကမ်းဖောက်ဖျက်မှုမှာ E. 38 လမ်း၊ Superior လမ်းမကြီးနှင့်  Payne Avenue လမ်းမကြီးကြားတွင် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သူ အမျိုးသမီးကို ယင်းမြို့စည်ပင်သာယာတရားရုံးက ယာဉ်မောင်းလိုင်စင် ရက် ၃၀ရုပ်သိမ်းရန်၊ တရားရုံးစရိတ် ဒေါ်လာ ၂၅၀ကျခံရန်အမိန့်ချမှတ်လိုက်သည်။ ထို့ပြင်အခင်းဖြစ် သည့်နေရာတွင် နံနက် ၇း၄၅ မှ ၈း၄၅ အထိ နှစ်ရက်တိုင် ဆိုင်းဘုတ်တခု လည်ပင်းဆွဲပြီး ရပ်နေရန်လည်း အမိန့် ချသည်။

ထိုဆိုင်းဘုတ်တွင် “ငတုံးယာဉ်မောင်းသူသာ ကျောင်းကားရှောင်ရန် ပလက်ဖောင်းပေါ် တက်မောင်းသည်” ဟုရေးထားသည်။၎င်းစီရင်ချက်ကိုအွန်လိုင်းတွင်ထောက်ခံချီးကျူးသူအများအပြားရှိသကဲ့သို့ကန့်ကွက်သူများ
ရှိကြောင်းလည်း တွေ့ရသည်။

0 comments: