Thursday, November 08, 2012
0
အားဖြည့်အချိုရည်များကို အရက်ဖြင့် တွဲဖက်သောက်သုံးခြင်းသည် ကျန်းမာရေးအတွက်ဆိုးကျိုးများဖြစ်ပေါ်
စေနိုင်ကြောင်း သိရှိရသည်။ အချို့သော လူငယ်များသည် အားဖြည့်အချိုရည်ကို အရက် ထဲရောနှောထည့် သွင်းသောက်လေ့ရှိရာ ယင်းသည်နှ လုံး၏ လုပ်ငန်းဆောင်တာ များကိုထိခိုက်ေ စသ လို နှစ်ခြိုက်စွာ အိပ် မပျော်ဘဲရှိစေတတ်ကြောင်းပညာရှင်များက သတိပေးခဲ့သည်။

ကဖိန်းဓာတ် မြင့်မြင့်မားမား ပါဝင်သောအားဖြည့်အချိုရည်များသည်အရက်နှင့်တွဲဖက်မိပါက နှလုံးတုန်မှုကို သာမန်ထက် (၆)ဆထိ မင့်တက်လာစေတတ်ကြောင်း သုတေသနရလဒ်တစ်ခုက ဖော်ပြခဲ့သည်။အရက်ကို သာမန်အချိုရည်တစ်  မျိုးမျိုးဖြင့်တွဲ ဖက်သောက်သုံးခြင်းနှင့် နှိုင်းယှဉ်လျှင် အားဖြည့်အချိုရည်များက သက်
ရောက်မှု အလွန်များကြောင်း ပညာရှင်များက ဆိုသည်။


ထို့အပြင်အရက်ကို အားဖြည့်အချိုရည်နှင့် ရောနှော သောက်သုံးပါကအိပ်စက်ရခက်ခဲမှုကို(၄)ဆမျှ မြင့်
မားစေနိုင်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။

Red Bullကဲ့သို့ အချို ရည်များသည် ဈေးကွက်အတွင်းအခိုင်အမာ နေရာရနေပြီး၎င်းတို့သည်ပျမ်းမျှအားဖြင့် တစ်ဘူးလျှင် ကဖိန်းဓာတ် (၈၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိသည်။ တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရာကားရ်က"အရက်နဲ့အားဖြည့်အချိုရည်တွေကိုတွဲပြီး သောက်တာဟာသတိထားရမယ့်အခြေအနေ တစ်ခုပါ။

ကဖိန်းရဲ့အာနိသင်ကအဲီးအချိန်မှာပိုပြင်းပြလာပြီးလိုတာထက်ပိုတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်"ဟု
 ပြောကြားသွားသည်။


သုတေသီများသည် ယခုတွေ့ရှိချက်အတွက် အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၄၀၃)ဦးကို လေ့လာခဲ့ကြောင်းလည်း သိရသည်။ သုတေသန ရလဒ်များက အားဖြည့် အချိုရည်များသည် အရက်၏ထိုင်းမှိုင်းစေတတ်သောအာနိသင်အချို့ကိုပယ်ဖျက်ပစ်လိုက်ပြီးအိပ်ပျော်ရန်ခက်ခဲစေတတ်ကြောင်း
လည်း ညွှန်ပြလျှက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

0 comments: