Friday, November 09, 2012
0
သံတွဲမြို့ပေါ်ရှိဂျာမေဗလီမှလက်နက်များတွေ့ရှိသဖြင့်လူနှစ်ဦးကိုဖမ်းဆီးကာရုံးတင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါလက်နက်များကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် တွင် သံတွဲမြို့ ၊အမှတ်(၃)ရပ်ကွက်၊ ဂျာမေဗလီကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင်တွေ့ရှိခဲ့ခြင်းဖြစ် ပြီးတွေ့ရှိသော လက်နက်များမှာ သံပိုက်လုံးတပ်ဆင်ထားသောအရှည် ၅ ပေ ၉ လက်မခန့်ရှိ အသွား  သန်လျက် ပုံပါ လှံတစ်ချောင်း၊ ၀ါးအရိုးသံပိုက်လုံး ၂ ပေ ၃ လက်မ ခန့်ရှိ ၀ါးဦးချွန် ၀ါးရှည်တစ်ချောင်း၊ ၀ါးရိုးတပ်ထားသော ၂ ပေ ၃ လက်မ ခန့်ရှိ ၀ါးရှည်တစ်ချောင်း၊ သံဖြင့်ပြုလုပ်ထားသော ဂျင်ကလိ ၁၅ချောင်း၊ဖူဂျီဆပ်ပြာပလတ်စတစ်ဘူးဖြင့်ထည့်ထားသော ဂေါ်လီလုံး ၁၇၈လုံး၊ လောက်စာလုံးလေးဂွပစ် အရွယ်ကျောက်ခဲ ၁၃ လုံး၊ ကျွဲချိုဖြင့်ပြုလုပ်ထားသော လေးဂွနှစ်ခုနှင့် သစ်သားလေးဂွတစ်ခု၊ လွယ်ကြိုး ပါသော လွယ်အိတ်သားရေအညိုရောင် အလျားတစ်ပေခန့် အနံ ၁၀ လက် မခန့်အိတ်တစ်လုံး၊ အ နီရောင်ဆေးသုတ်ထားသော သံပိုက်လုံးတစ်ချောင်း၊ အနီရောင်ဆေးသုတ်ထားသော နှစ်ပေခန့်ရှိ သံပိုက် လုံးတစ်ချောင်း၊ BINOCULARS  တံဆိပ်ပါပြောက်ကျားမှန်ဘီလူးတစ်ခုနှင့် မှန်ဘီလူးထည့်သည့် အ စိမ်းရောင် ပြောက်ကျားအိတ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

သံတွဲမြို့ပေါ်ရှိ ဗလီနှင့်ဘုန်းကြီးကျောင်းများအား စစ်ဆေးရှာဖွေရန် ဆုံးဖြတ်ချက်အရ သံတွဲမြို့နယ်ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေး၊မြို့နယ်ထွေ အုပ်၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့သည် သံတွဲမြို့  ၃ ရပ်ကွက်ရှိဂျာမေဗလီသို့ ၀င်ရောက်ရှာဖွေခဲ့ရာ ဗလီဆရာတစ်ဦးနှင့် ဗလီဂေါပက တစ်ဦး တို့ အားတွေ့ရှိပြီး ဗလီအတွင်းရှာဖွေစဉ် လက်နက်များကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဗလီဆရာဦး---(၆၁နှစ်)၊ ဘင်္ဂါလီ၂ရပ်ကွက် သံတွဲမြို့နှင့်ဗလီဂေါပက ဦး--- - (၇၀နှစ်)၊ ဘင်္ဂါလီ ၂ ရပ်ကွက်၊ သံတွဲမြို့နေသူတို့အား သံတွဲရဲစခန်းမှ (ပ)၁၁၄ /၂၀၁၂၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို ပုဒ်မ ၁၉ (က)ဖြင့် သံတွဲမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့က စတင်အမှု ဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ထိန်းသိမ်းနိုင်ရန် တရားမ၀င်ကိုင်ဆောင်ထားသော လက်နက်ဥပဒေပါလက်နက်များကိုနီးစပ်ရာရဲစခန်းနှင့် လုံခြုံရေးအဖွဲ့များထံသုံးရက်အတွင်းအပ်နှံရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့တွင်နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ကြေညာပြီးနောက်လက်နက်များလာေ ရာက်အပ်နှံမှုများ ရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

0 comments: