Friday, November 09, 2012
0
နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်မည့် ၇ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်မည့် ကိုရီးယားမင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီမိနစ် ၂၀ အချိန် တွင်ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။ ကိုရီးယားမင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့အား မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံရုံးမှတာဝန်ရှိသူများ လာရောက်ကြိုဆိုခဲ့ပြီးမြန်မာ ပရိတ်သတ်အချို့လည်း လေဆိပ်တွင် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
 
 

0 comments: