Thursday, November 08, 2012
0


ဂျီဖုန်းနှင့်CDMAဖုန်းနံပါတ်အပူးနှင့်ဂဏန်းအလှများအားပထမဆုံးအကြိမ်လေလံတင်စနစ်ဖြင့်ရောင်းချ ပေး
မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှထုတ်ပြန်ထားသည်။မိုဘိုင်းဖုန်းနံပါတ်အပူးနှင့်အလှဆိုသည်
မှာ၄၂ဝ၁၁၁၁၁၁၊၄၄၃၄၄၄၄၄၄ကဲ့သို့သောနံပါတ်များကိုဆိုလိုခြင်းဖြစ်သည်။

အဆိုပါလေလံတင်ရောင်းချခြင်းကိုရန်ကုန်နှင့်မန္တလေးမြို့နှစ်မြို့တွင်သာပြုလုပ်သွားမည်ဖြစ်ပြီး လေလံကြမ်း
ခင်းဈေးကို သတ်မှတ်ထားခြင်းမရှိဘဲလေလံစနစ်၏ စည်းကမ်းချက်များနှင့်လေလံဝယ် ယူခွင့်ပုံစံ ကို နိုဝင် ဘာ၁၂ရက်နေ့ မှစတင်၍အမှတ်(၄၃)၊ ဗိုလ်အောင် ကျော်လမ်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (ရန်ကုန် )နှင့် လမ်း ၈ဝ၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ မန္တေ လးမြို့တွင် ငွေကျပ်တစ်ထောင် နှုန်းဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 လေလံတင် ရောင်းချပေးမည့် အရေအတွက်မှာ ရန်ကုန်၌ ဂျီဖုန်း အလုံးရေ၂၉ လုံး၊WCDMA ၃၆ လုံးဖြစ် ပြီး မန္တလေးမြို့တွင် ဂျီ ၃၇ လုံး၊WCDMA ၂၃ လုံးဖြစ်ကာ စုစုပေါင်းအလုံးရေမှာ ဂျီ ၆၅ လုံး၊WCDMA ၆ဝ လုံးဖြစ်ကြောင်း သိရသည်။ ”ဖုန်းဝယ်တဲ့လူ အတော်များ များကနံပါတ်အပူးတွေမရကြဘူး။ ပိုက်ဆံ တစ်သောင်း ပိုပေးတာတောင်နံပါတ် သုံးလုံးပူး မရဘူး။ နှစ်လုံးပူးလောက်ပဲ ရတယ်။ ပိုက် ဆံရှိလို့ ဖုန်းကိုင်တာမဟုတ်တဲ့အတွက်လေလံဝင်ဆွဲဖို့ဆိုတာတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု ကျောက်တံတားမြို့
နယ်မှ ဖုန်းကိုင်ဆောင်သူတစ်ဦးက ပြောသည်။မိုဘိုင်းဖုန်းနံပါတ်များ လေလံ တင်ရောင်းချခြင်းကို ပထမ အကြိမ်အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့ က မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် ကိုနိုဝင်ဘာ ၂၂ ရက်နေ့၌ ရန်ကုန်မြို့၊ လှိုင်မြို့နယ်MICT  ခန်းမတွင် ကျင်းပမည်ဟု သိရသည်။

 မိုဘိုင်းဖုန်း အပူးအခွနံပါတ်များသည် ဖုန်းများစတင်ရောင်းချသည့်ကာလတွင် ဈေးကွက်တစ်ခုအထိ ဖြစ်ေ ပ်ါလာခဲ့ပြီးနံပါတ်အပူးတစ်ခုလျှင်ငွေကျပ်ငါးထောင်မှသုံးသောင်းအထိပိုမိုပေး၍ဝယ်ယူရသည်အထိဖြစ်ပေါ်ခဲ့
သည်ဟု ရန်ကုန်အခြေစိုက်မိုဘိုင်းဖုန်းအရောင်း ဆိုင်များမှသိရသည်။”နိုင်ငံတကာမှာလည်း ဒီလို လေလံ စနစ်ဆိုတာတော့ရှိပါတယ်။ ဒါကလည်း လူတိုင်းနီးပါး ဖုန်းကိုင် နိုင်တဲ့ အခြေအနေတစ်ခုပါ။ ကျွန်တော် တို့နိုင်ငံမှာတော့လူတိုင်းနီးပါး တောင်ဖုန်းမကိုင်နိုင်သေးဘဲ ဒီလိုစနစ်ကို ထပ်ပြီးဖော်ဆောင်တာ ကဖုန်း မကိုင်နိုင်သူတွေကို အားငယ်  စေပါတယ်” ဟု လသာမြို့နယ်မှ မိုဘိုင်းဖုန်းကျွမ်းကျင်ပညာရှင် ကိုသူရ က ပြောသည်။

0 comments: