Thursday, November 08, 2012
0
 
လူမှုရေးလုပ်ငန်းတွေမှာ အတွဲညီစွာနဲ့တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့ အနဂ္ဂနဲ့သံသာဝင်းတို့ရဲ့ မင်္ဂလာ ပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၄နှစ်တာကြာမှ ကျင်းပတဲ့ မင်္ဂလာ ပွဲဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။ 

မင်္ဂလာရက်မြတ်နေ့ကိုလည်း သတ်မှတ်ထားပြီးပြီဖြစ်ပြီးပွဲကျင်းပမယ့်နေ့ရက်ကသူတို့နှစ်ယောက်ရဲ့ ပထမ ဆုံး စတွေ့တဲ့ နေ့ရက်ဖြစ်သလို၊ ထူးခြားမှုတွေလည်းရှိနေတဲ့နေ့ရက်လေးတစ်ရက်ပဲဖြစ်ကြောင်း၊ မင်္ဂလာ ပွဲနေ့ရက်ကိုတော့ မကြာမီမှာပဲသူတို့အနေနဲ့ ပရိသတ်ကိုအသိပေးသွား မှာဖြစ်ကြောင်း သံသာဝင်းကပြော ပါတယ်။ချစ်သူသက်တမ်း၎နှစ်တာကာလအတွင်းမှာအချစ်တွေ မြဲမြံစေဖို့ တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ကြလဲဆိုတဲ့ အမေးကိုတော့သံသာဝင်း က”သံသာတို့နှစ်ယောက် ကနားလည်မှုအများကြီးယူစရာတော့ မလိုဘူး။ အဓိကကတော့ပွင့်လင်းဖို့ပဲ။ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေ လဲဆိုတာ သံသာမြင်နိုင်ဖို့နဲ့ သံသာ့ စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ သူမြင်နိုင်ဖို့ကိုပဲ ကြိုးစားကြတယ်။ 

နားလည်မှုဆိုတာထက် လျှို့ဝှက်မှုမထားတာက ရှေ့ဆက်သွားဖို့ အားတွေဖြစ်တယ်။သံသာနဲ့ကိုအနဂ္ဂ ဆို ရင်သေးသေးလေးကအစ၊အကြီးကြီးအထိပြောစရာရှိတာကိုစိတ်ထဲမှာမထားဘူး။မျိုသိပ်ပါများတော့ ပေါက်ကွဲ သွားရင်တစ်ချက်ပဲလေ။တကယ်တမ်းကျရင်ဘာမှမဟုတ်တဲ့ ပြဿနာ လေးနဲ့စပြီး ကြိုးကပြတ်သွားတတ် တယ်။စုံတွဲတိုင်းမှာတော့ဘယ်သူမဆို ကတောက်ကဆကတော့ ရှိကိုရှိတယ်။အသေးရှိတယ်။ အကြီးရှိတယ် ။ဒါပေမဲ့လည်း အဲဒါကိုပိုပြီးမကြီးအောင်လို့ တစ်ယောက်နဲ့တစ်ယောက် အလျှော့အတင်း လိုပါတယ်။ ကို အနဂ္ဂဝါသနာပါတာ၊ သူလုပ်ချင်တာ တော်တော်များများက သံသာနဲ့ တိုက် ဆိုင်နေ တယ်။ ဒါကအနု ပညာသမား ချင်း ၊ဂီတသမားချင်းဖြစ် လို့လည်းဖြစ်မယ်” လို့ ပြောပါတယ်။

 မင်္ဂလာဝတ်စုံ ကိုတော့ ဒီဇိုင်နာမပုံ့ကို အပ်ထားကြောင်း၊  ဖိတ်စာကိုတော့ သူတို့နှစ်ယောက်ပေါင်း အိုင်ဒီ ယာလေးနဲ့ဒီဇိုင်းဖော်ထားကြောင်း၊ မင်္ဂလာပွဲကိုတော့ မနက်ပိုင်းမှာဘုရားကျောင်း မှာပြုလုပ်မှာဖြစ်ပြီး၊ ညနေပိုင်း မှာတော့ ဟိုတယ်မှာ Dinner ပြုလုပ်မှာဖြစ်ကြောင်း သံသာဝင်း က ပြောပါ တယ်။

0 comments: