Wednesday, November 07, 2012
0
 
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့်မီးသတ်တပ်ဖွဲ့အားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်းလိုက်ကြောင်းသိရသည်။

လွဲပြောင်းသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ရုံးချုပ် တွင်ကျင်းပခဲ့သည်။

မီးသတ်တပ်ဖွဲ့သည် ယခင်ကပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် တည်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်ရောက်မှသာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်သို့   ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

0 comments: