Thursday, November 08, 2012
0
 

ရန်ကုန်မြစ်ကိုဖြတ်၍ရန်ကုန်-ဒလဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာရွှေတိဂုံ ဘုရားလမ်း အနီးဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူးဦးကျော်စိုး ကနိုဝင်ဘာလ ၅ ရက်နေ့ ကပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့နှင့် ဒလမြို့ကိုဆက်သွယ်၍ မြစ်ဖြတ်ကူးတံတား တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက  စီမံကိန်းအဆိုပြုလွှာတင်ပြထားပြီး လာမည့်ဒီဇင်ဘာလတွင်  မီးရထားရုံးတွင်လာရောက်ရုံးထိုင်မည်ဖြစ်ေ ကြာင်းသိရသည်။ ၎င်းတို့က တံတားတည်ဆောက်ရန်အတွက် ပန်းဆိုးတန်းလမ်းမကြီး၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်းနေရာများအား အဆိုပြုထားသော် လည်းေ ရွှတိဂုံဘုရား  လမ်းမှာအနာဂတ် တွင်ဖြစ်နိုင်
ဖြစ်နိုင်ခြေ ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ကိုရီးယား ကုမ္ပဏီက ရန်ကုန်-ဒလ တံတား တည်ဆောက်ဖို့အတွက် အဆိုပြုထားတယ်။ သူတို့အဆိုပြုတဲ့နေရာတွေထဲက ဆူးလေနဲ့ပန်းဆိုးတန်းလမ်းမကြီးတွေကတော့ တံတားဆောက်ဖို့ မဖြစ်နိုင် ဘူး။ရွှေတိဂုံဘုရားလမ်းကတော့အနာ ဂတ်မှာဖြစ်လာနိုင်ပါတယ်”  ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားခဲ့ပါသည်။


ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကားများသွားလာနိုင်သော ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) သမ္ဗာန်များသွားလာနိုင်မည့် ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက် ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီနှင့် လာရောက်ဆွေးနွေးမှု ပြုလုပ်ခဲ့။


ကိုရီးယားကုမ္ပဏီမှ အဆိုပြုထားသည့် နေရာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပညာရှင်များ၊အင်ဂျင်နီယာများ၏လေ့လာသုံးသပ်ချက်များအရရွှေတိဂုံ ဘုရားလမ်းမှလွဲ၍ ကျန်နေရာများ ကဆောက်လုပ်ရန် သင့်လျော်သည့် အခြေအနေတွင် မရှိကြောင်း သိရသည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကားများသွားလာနိုင်သော ကောင်းကင်တံတား (Sky Bridge)(သို့မဟုတ်)သမ္ဗာန်များသွားလာနိုင်မည့်ရေအောက် ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန်အ တွက်ကိုရီးယားကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် လာရောက်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်အား နှစ် ၃၀ စီမံကိန်းရေးဆွဲ၍ ဖွံ့ဖြိုးအောင် ပြုလုပ်နေသည့်အတူ ရန်ကုန်မြို့လယ်နှင့် အနီးစပ်ဆုံးနေရာဖြစ်သည့် ဒလမြို့ဘက်အခြမ်းကိုလည်း ယခုထက်ပိုမို ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တံတားတည်ဆောက်ရန် စီစဉ်ကာ အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

0 comments: