Monday, August 12, 2013
0
 
ရန်ကုန်မြို့တော် အတွင်း လူဦးရေထူထပ် လာသည် နှင့်အမျှ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ အရ အရှည် ကီလိုမီတာ ၃၅ဝ ရှည်လျားသည့် မီးရထားလမ်း အသစ်ရှစ်ခုကို တစ်နှစ်နှင့် အပြီး တည်ဆောက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဂျပန်နိုင်ငံ JICA Study Teamမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးရထားလမ်းသစ် ဖောက်လုပ်မှုသည် တစ်နှစ်ခန့်ကြာ နိုင်မည်ဖြစ်ပြီး ယင်းကို စီမံကိန်း ရေးဆွဲ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်း အတွင်း၌ မိုးပျံရထားလမ်း အပါအဝင် အဆင့်မြင့် မီးရထား လမ်းများလည်း ပါဝင်ကြောင်း သိရသည်။

''လက်ရှိ အသုံးပြုနေတဲ့ မီးရထားလမ်း ပိုင်းတွေက ခေတ်စနစ်နဲ့အညီ ပြုပြင်တာတွေ ရှိသလို အသစ်လိုအပ်ချက်တွေ ရှိလာတဲ့ အတွက်ပါ။ မြို့ပတ် ရထားစနစ်ကို အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော်ကို ခေတ်မီမြို့ပြ တစ်ခုအဖြစ် စီမံကိန်း ရေးဆွဲပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဂျပန်နိုင်ငံရှိဲု JICA တို့ပူးပေါင်း၍ ၂ဝ၁၂ခုနှစ်မှ စတင် အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ယခုမီးရထား လမ်းသစ် စီမံကိန်း သည်လည်း ပါဝင်ကြောင်း သိရသည်။

ယင်းမီးရထား လမ်းသစ် တည်ဆောက် ရခြင်းကြောင့် အနာဂတ်တွင် ရန်ကုန်မြို့တော်နေ ပြည်သူ ၃ဝရာခိုင်နှုန်း မီးရ ထား စီးနင်းမှု အပေါ် မှီခိုလာနိုင်ကြောင်း၊ လက်ရှိတွင် မော်တော်ယာဉ် လိုင်းများကိုသာ အားထားမှု ရှိခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ရထားလမ်းကြောင်း သုံးခုရှိပြီး လမ်းခွဲငါးခုရှိကြောင်း နှင့် အရှည်မှာ ၁၄၈ ဒသမ ၃ ကီလိုမီတာရှိပြီး ဘူတာပေါင်း ၈ဝခန့် ရှိကြောင်း သိရသည်။

0 comments: