မြန်မာနိုင်ငံသို့ ၁၂နှစ်ခန့် လေကြောင်းပျံသန်းမှုရပ်နားထားသည့် ဂျပန်နိုင်ငံမှ All Nippon Airways (ANA) လေကြောင်းလိုင်းသည် အောက်တိုဘာလ ၁၅ရက်နေ့မှစတင်ကာ တိုကျို-ရန်ကုန်တိုက်ရိုက် ခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိပါသည်။
All Nippon Airways (ANA) လေကြောင်းလိုင်းသည် ဘိုးရင်း၇၃၇လေယာဉ်ဖြင့် တစ်ပတ်လျှင်သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် တိုကျို-ရန်ကုန်တိုက်ရိုက်ခရီးစဉ်အား ပြေးဆွဲသွားမည်ဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ စီးပွားရေးက စိတ်ဝင်စားစရာအကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ အခြေချပြီး စီးပွားရေးအရ လုပ်ငန်းတွေလုပ်ဖို့ ဆုံး
ဖြတ်ပြီး၊ အကောင်အထည် ဖော် ဖို့လည်းအစီအစဉ်တွေ ချမှတ်ပြီးပါပြီ။ ခုလက်ရှိမှာ တစ်ပတ် ၃ကြိမ် ပြေးဆွဲနေရာကနေ နေ့စဉ်ပြေးဆွဲသွားဖို့လည်း အစီအစဉ်ရှိပါတယ် '' ဟု (ANA) လေကြောင်းလိုင်း၏ ဥက္ကဌ Shinichiro Ito က အောက်တိုဘာလ၁၅ရက်နေ့၌ နာရီတာ လေဆိပ်တွင် ပြုလုပ်ခဲသည့် တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
All Nippon Airways (ANA) လေကြောင်းလိုင်းသည် ၁၉၉၆ခုနှစ်၊ ဇူလိုင်လမှ ၂၀၀၀ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်အား ပြေးဆွဲခဲ့ပါသည်။တိုကျို-ရန်ကုန် ခရီးစဉ်အား Business Class သီးသန့်ဖြစ်သည့် ဘိုးရင်း၇၃၇-၇၀၀ER လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ (ANA) လေကြောင်းလိုင်း သည် တစ်ပတ်လျင် သုံးကြိမ်ပြေးဆွဲရာတွင် ရန်ကုန်သို့ ညနေ ၃နာရီခွဲတွင်ဆိုက်ရောက်၍ ည ၉နာရီခွဲတွင် တိုကျိုသို့ ထွက်ခွာမည်ဟုသိရသည်။ သို့သော် အောက်တိုဘာလ ၂၇ရက် နေ့မှစတင်၍ ညနေ၄နာရီတွင် ရန်ကုန်သို့ရောက်ရှိပြီး၊ ည၁၀နာရီတွင် တိုကျိုသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်၍ လေကြောင်းစီးပွားရေးလုပ်ကိုင်ရန် နိုင်ငံအသီးသီးမှ စိတ်ဝင်စားမှုရှိနေကြပြီး၊ ယခုလမှ စတင်ကာ နိုင်ငံတကာလေကြောင်းလိုင်း၈ခုခန့်မှ မြန်မာနိုင်ငံနှင့်ပုံမှန်လေကြောင်းပျံသန်းမှုများ ပြန်လည် ပြုလုပ်မည်ဖြစ်သည်။
0 comments:
Post a Comment