Monday, October 15, 2012
0
          သပြေသီး
ဝါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်  ။
ခရာဆူးခြုံ ဟိုအထဲးက
မျှော့နက်မဲးကြီး တွယ်တက်တယ်
မျှောနက်ဆိုတာ ချိုနဲ့လားကွယ့်
မြွှေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားကွယ် သွားကွယ်……။
................................................
     လယ်စောင့်တဲလေး
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေးခြေတံရှည်
မိုးကုတ်အောက်မှာနေ
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲ့နဲ့ ပနံတင်….။   ။
..........................................
             ဥပုဒ်စောင့်
ဆွမ်းအုပ်နီနီ အမေရွှက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ် ။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်  ။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိုက်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလိုနေပါ့မယ်
လိုက်မယ် လိုက်မယ်….။
.................................................
      လူလေးရဲ့ အမှတ်အသား
ဆွမ်းထချက်စို့လူလေးရယ်..
နာရီကြည့်ပါ့ကွယ်…..
ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့လိုပါဘူး  ။
သပြေသင်းတဲ့ သင်္ကြန်ချိန်
ကြည့်ပါ့ ပြက္ခဒိန်
ဝင်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့လိုပါဘူး  ။
..............................................
           ကြွှက်ကလေး
ကြောင်ကလေးက ဗေဒင်တွက်လို့
ကြွှက်ကလေးကချောင်မှာခို
မျက်ရည်တောက်တောက်ယို
မငိုပါနဲ့ ကြွှက်ကလေး
ဗေဒင်ဆရာအတွက်မှားလို့
စပါးကျီအို ကြိုအကြားကို
သွားပြီကွဲ့လေး..။    ။
...................................
        ပန်းသည်
မောင်လေးရေ ထပါတော့
ရောင်နီလာမှပေါ့….
တစ်ကြော့ နှစ်ကြော့တေးကိုသီ
ငှက်ကျားနုတ်ပလီ….
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း……
ဗန်းလေးယူခဲ့မောင်လေးရယ်…
သွားကောက်ခြေစို့ကွယ်….
ပန်းသည်လုပ်စို့ တပြုံးပြုံး…
ပန်းတွေ တကုံးကုံး……။
....................................................
အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို ။
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း ။
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံကော်ဝတ်မှုန်စီ ။
ဇာလီပျော်တဲ့ ကျောင်းသင်ခန်း
လူလေးသွားချင်စမ်း ။ ။
..........................................................
         ပုခက်လွှဲးချင်း
မုန်တိုင်းကထန် ချောင်းကလျှံ
ဝဲသံကကြွှေး   လှိုင်းကဖွေး
ယီးလေလေ့ ယီးလေလေး
မိုးပေါက်ကနာ ဖြုတ်ကလာ
လမ်းတာကဝေး လေကအေး
ယီးလေလေ့ ယီးလေလေး။
ဖော်ချင်းတို့ရေ တို့တတွေ
လှေလှော်အပြေး ယက်ဖွေးဖွေး
ယီးလေလေ့ ယီးလေလေး။
ငှက်မငှက်ဖို သိုက်မြုံခို
သံချိုမကြွှေး အိပ်ပီလေး
ယီးလေလေ့ ယီးလေလေး။
ရနံမထုံ ပန်းဝတ်မှုန်
ပန်းငုံမှာကွေး အိပ်ပြီလေး
ယီးလေလေ့ ယီးလေလေး။
လမင်းသော်တာ ရောင်ခြည်ဖြာ
အိပ်ပါလူလေး မေ့ရင်သွေး
ယီးလေလေ့ ယီးလေလေး။   ။
................................................
ပျဉ်းမငုတ်တို
ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့ 
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။
ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊အိုင်းအမာသို့ 
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး၊မြေပပ်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လမ်းပြညွှန်း။
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြေထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား။
.....................................................
သူ့ မှာတမ်း
သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။
အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။
ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။
မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။
မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။
ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။
ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။
.............................................................
အနိုင်မခံ
   ငါအားဖုံးလွှမ်းထားသော ဤလကွယ်ည သန်းခေါင် အမိုက်မှောင်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတက်သောငါ့စိတ်ကို ဖန်ဆင်းပေးသည့်နတ်သိကြားတို့အား ငါကျေးဇူးတင်ပါ၏။
         လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုတ်အတွင်းသို့ကျရောက်နေသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ကံတရားတို့၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲးရဲးနီ၏ ညွှတ်ကားမညွှတ်..ဤလောဘ ဒေါသတို့၏ ကြီးစိုးရာ ဌာန၏ အခြားမဲ့တွင်ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံလင့်လျှက်ရှိ၏...သို့သော် ငါကားမတုန်လှုပ် သည်ကိုသာတွေအံ့....
         သုဂတိသို့သွားရာ တံခါးဝသည် မည်မျှကျည်းမြောင်းသည်ဖြစ်စေ...ယမ မင်း၏ ခွေးရေ ပုရပိုဒ်၌ငါ၏ အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု ငါသာလျှင်ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင်ငါစိတ်၏ အကြီးအကဲးဖြစ်သည်....
“အာခံတာနဲ့ကျေးဇူးကန်းတာဟာ ဘယ်နေရာမှမကောင်းဘူးဆိုတာကိုသိပြီး “ဝေး၀ါးတဲ့အသိတွေနဲ့ အရှိတရားမဲ့တဲ့သူမျိုး ဘယ်တော့မှ မဖြစ်ရပါစေနဲ့…..(မင်းသုဝဏ်)
0 comments: