Monday, October 15, 2012
0
အမျိုးသားရင်ကြားစေ့ေ၇း (၀ါ) အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ဟူသောစကားလုံးကို ကြားမိတိုင်း ၀မ်းနည်းဝမ်းသာဖြစ်မိပါသည်။ စည်းလုံးညီညွတ်ရေးဖူးသော (၀ါ) အမျိုးသားရင်ကြားစေ့ဖူးသော အတိတ်ရှိခဲ့ပါလျှက် ညီညွတ်ရေးပျက်ပြားနေခဲ့သောမြန်မာအဖြစ် နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ရသည်မဟုတ်ပါလော။ ရှေးမြန်မာ့သမိုင်းများတွင် ဘုရင်၏ အင်အားကြီးမားသော လက်နက်နိုင်ငံတော်များအဖြစ် (၃)ကြိမ်တိုင်တိုင် စုစည်းမိသော်လည်း ယနေ.ခေတ်အခြေအနေများနှင့် များစွာကွာခြားခဲ့ပြီဖြစ်ရာ ကျွန်တော် မဆွေးနွေးလိုတော့ပါ။ သို.ရာတွင် ကျွန်တော်တို.သည် ပင်လုံညီလာခံတွင်မူ (ထိုခေတ်က လူမျိုးကြီးများ ဖြစ်သော) တိုင်းရင်းသားအားလုံး လွတ်လပ်ရေးအရယူရန်နှင့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ခဲ့သည်ဟုမူ ရဲရဲကြီးပြောနိုင်ပါသည်။ သို.ဖြစ်လျှင် မည်သို.သော အကြောင်းအရာများက ညီညွတ်မှုကိုပျက်ပြားစေခဲ့သနည်း။
အရှင်းလင်းဆုံးဖြေရလျှင် ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု ကိုယ်ခံအားနည်းခဲ့ခြင်းကြောင့် ကျွန်တော်မြင်ပါသည်။  ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု ကိုယ်ခံအားနည်းခဲ့သောကြောင့်သာလျှင် (ကျွန်တော့်အမြင်) ဖြေရှင်း၍ ရနိုင်သော သဘောထားကွဲလွဲမှုများကပင် လက်နက်ကိုင် ပဋိပက္ခများဆီ ဦးတည်စေခဲ့သည်။ နက်ရှိုင်းသော သဘောထားကွဲလွဲမှုများဆိုလျှင် ဆိုဖွယ်ရာမရှိပြီ။ သို.ရာတွင် ညီအစ်ကို တို.အကြား နှစ်ဦးနှစ်ဖက်ပြဿနာမျိုးဟူသည် ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု ကိုယ်ခံအား ကောင်းနေသော အခြေအနေတွင် စာနာနားလည်မှု နှင့်စေတနာမေတ္တာသာ အရင်းခံပါက ဖြေရှင်းမရခြင်းဟူသည် ရှိနိုင်ပါမည်လော။
ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု ကိုယ်ခံအားအပေါ်အကျိုးသက်ရောက်မှုရှိစေသော အချက်များ
(၁) မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား
(၂) တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့ရခြင်း
(၃) အချိုးမညီသောဖွံ.ဖြိုးတိုးတက်မှု
(၄) ကျယ်ပြန်.သော အမြင်မရှိခဲ့မှု ဟု ကျွန်တော်ယူဆပါသည်။

(၁) မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား
မြန်မာနိုင်ငံသည် ကန္တာရစစ်စစ်မှလွဲ၍ ပထ၀ီအနေအထား အားလုံးပြည်.စုံသော သဘာအလ၊ှ သယံဇာတကုံလုံသော နိုင်ငံဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်သည်။ အခင်းအကျင်း ကလည်း အရှေ.အနောက်မြောက်ဘက်တို.တွင် သဘာဝစည်းရိုး ကာထားသော၊ တောင်ဘက်တွင် ရေပြင်အတားအဆီးရှိသော အိမ်တစ်အိမ်နှင့် ပင်တူတော့သည်။ အရာရာတိုင်းသည် ပြီးပြည်.စုံမှု မရှိရကား တောတောင် မြစ်ချောင်းပေါကြွယ်မှုကပင် ခေတ်အဆက်ဆက် (အချို.နေရာများတွင် ယနေ.တိုင်) လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းကို ဖြစ်ပ်ါစေသည်ဟုမြင်မိပါသည်။ ဝေးလံခေါင်ဖျားသောဒေသများအကြား ကူးလူးယှက်သွယ်မှု ခက်ခဲရကား အဘယ်မှာ ချစ်ကြိုးနွယ်နိုင်ပါအံ့နည်း။ သဘာဝအတားအဆီး သဖွယ် ဖြစ်နေသော ပထ၀ီအနေအထားများကြောင့်ပင် နယ်စပ်ဒေသများသည် ယခုထက်တိုင် ဖွံ.ဖြိုးမှု(ယနေ.တိုင်) နောက်ကျနေခဲ့ပါသည်။
ဘိုးဘွားပိုင် ဘာသာစကား၊ယဉ်ကျေးမှုများ အသီးသီး ကာလရှည်ပိုင်ဆိုင်ခဲ့ကြသော်လည်း အချို.သောတိုင်းရင်းသားများတွင် စာပေပေါ်ထွန်းလာမှု နောက်ကျခဲ့ရခြင်းတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲသောပထ၀ီအနေအထားက ပါဝင်ပတ်သက်ခဲ့ဖွယ်ရှိသည်။ ခက်ခဲသောပထ၀ီအနေအထားများ၏ ပါဝင်ပတ်သက်ခဲ့မှုကြောင့်ပင် တောင်တန်းဒေသများတွင် မူလနတ်ကိုးကွယ်မှုများမှ ဒေသတွင်းရှိနှင့်ပြီးသော ဗုဒ္ဓဘာသာနောက်တွင် အနောက်တိုင်းမှ ခရစ်ယာန်ဘာသာပြန်.ပွားသွားခြင်းဖြစ်မည်ဟုယူဆပါသည်။ (ဤနေရာတွင် ရှေးမြန်မာဘုရင်များ၏ မေးခွန်းထုတ်ဖွယ်ရာဒေသတွင်းစိတ်ဝင်စားမှု၊ အနောက်တိုင်းသာသနာပြုပုဂ္ဂိုလ်များ၏ စိတ်အားထက်သန်စွာကြိုးစားအားထုတ်မှုများကိုလည်း ထည်.သွင်းစဉ်းစားသင့်ပါသည်။) ဘာသာတရားသည် သက်ဆိုင်ရာ လူမျိုးများ၏ လူမှုစီးပွားဘ၀ကို တိုးတက်ကောင်းမွန်စေခဲ့ပါသည်။

(၂) တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့ရခြင်း
အင်္ဂလိပ်တို.မြန်မာပြည်ကို အုပ်ချုပ်သော အခါ Divide and Rule စနစ်ဖြင့်အုပ်ချုပ်ခြင်းဖြင်. တောင်တန်းဒေသနေမြန်မာ နှင်.မြေပြန်.နေမြန်မာတို.ကို သွေးခွဲခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြန်မာတို.၏ တော်လှန်ပုန်ကန်မှုများကို နှိမ်နင်းရာတွင် ဗြိတိသျှလက်အောက်ခံ မြန်မာတိုင်းရင်းသားများကိုပင် အသုံးပြုခဲ့သည်ဟ မှတ်သားဖူးပါသည်။ လူဦးရေအများဆုံး ဗမာလူမျိုးများအပေါ် ဗြိတိသျှတို.၏ အမြင်ကို အခြားတိုင်းရင်းသားးများတွင် သွတ်သွင်းခဲ့ခြင်းဖြင့် နက်ရှိုင်းသောသွေးကွဲမှုများပေါ်ပေါက်စေခဲ့သည်။ မြန်မာနိုင်ငံကို သိမ်းယူစဉ်က (၃) ကြိမ်ခွဲ၍ တစ်လုံးတစ်စည်းတည်းသိမ်းယူခဲ့ခြင်းဖြစ်သော်လည်း လွတ်လပ်ရေးပေးရတော.မည်.အချိန်တွင် တောင်တန်းပြည်မခွဲခြားမည်လားဟု သပ်လျှိုခဲ့ခြင်းမှာ အကောင်းဆုံးသာဓက တစ်ခု ဖြစ်ပါသည်။ ထိုအချိန်က သပ်လျှိုမှုသာအောင်မြင်ခဲ့ပါက ကျွန်တော်တို.ယခု အင်းလေးကန်သွားလည်လိုလျှင် ဖြစ်စေ၊ ခါကာဘိုရာဇီတောင်တက်လိုလျှင်ဖြစ်စေ၊ ရိဒ်ရေကန် သွားလည်လိုလျှင်ဖြစ်စေ၊ ဇွဲကပင်တောင်တက်လိုလျှင်ဖြစ်စေ၊ ရွှေတိဂုံဘုရား၊ မဟာမြတ်မုနိဘုရား ဖူးလိုလျှင်ဖြစ်စေ Passport လုပ်၊ Visa ကျပြီးမှ သွားရဖွယ်ရှိနေသည်။

(၃) အချိုးမညီသောဖွံ.ဖြိုးတိုးတက်မှု
          ဆန် အဓိကစားသုံးသောအာရှသားများဖြစ်သည်.အတွက် စားနပ်ရိက္ခာအတွက် လယ်ယာဖွံ.ဖြိုးသော မြေပြန်.ဒေသဗဟိုပြုခဲ့ကြရသည်။ လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်မှု၊ယဉ်ကျေးမှု အနုပညာ နှင့် စက်မှုလက်မှု လုပ်ငန်းများမှာ မြေပြန်.ဒေသတွင်သာ အဓိက ထွန်းကားခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်များတိုင် နယ်စပ်ဒေသများတွင် စီးပွားရေးဖွံ.ဖြိုးမှုနောက်ကျနေခဲ့ခြင်း၊ ၄င်းအခြေအနေအပေါ် ထိုစဉ်က အစိုးရ၏ ပါဝင်ပြောင်းလဲပေးမှုမလုံလောက်ခဲ့ခြင်း(လုံးဝလျစ်လျူရှုခြင်းမဟုတ်သော်လည်း) တို.သည်လည်း ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု အပေါ် တွင် အနုတ်သဘောသက်ရောက်စေခဲ့ပါသည်။

(၄) ကျယ်ပြန်.သော အမြင်မရှိခဲ့မှု
အဓိက မြန်မာတိုင်းရင်းသား ဗမာလူမျိုးများတွင်ပင် မညီညွတ်မှုဖြစ်စဉ်များကို သမိုင်းစဉ်တစ်လျှောက် လုံး(ယနေ.တိုင်) တွေ.မြင်နိုင်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဂျီစီဘီအေ၊ ၀ိုင်အမ်ဘီအေ၊ လွတ်လပ်ရေးရအပြီး ပြည်သူ.ရဲဘော်အဖွဲ.၊ ကွန်မြူနစ်ပါတီ၊ ဖဆပလ စသောအကွဲအပြဲများသည် ဂိုဏ်းဂဏစွဲ၊ ၀ါဒစွဲကြီးလှသော ဗမာလူမျိုးများ၏ ပြယုဂ်များပင်မဟုတ်ပါလော။ အခြားသောမြန်မာတိုင်းရင်းသား များတွင်လည်း လူမျိုးရေးအစွဲများ၊ ဘာသာရေးအစွဲများ၊ ၀ါဒရေးရာအစွဲ များကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်ကို သမိုင်းတွင်တွေ.မြင်နိုင်ပါသည်။ လတ်တစ်လောဖြစ်ပေါ်နေသော ကချင်ပြည်နယ်တွင်းပြဿနာများမှာ လူမျိုးရေးအစွဲများ၊ ဘာသာရေးအစွဲများ ပေါ်တွင် အခြေခံခြင်းဖြစ်သည်။
       


0 comments: