Tuesday, October 09, 2012
0
မြန်မာ့ သဘင်ကို ကမ္ဘာ အရပ်ရပ်မှ ယဉ်ကျေးမှု အဖွဲ့များနှင့် မြန်မာ့သဘင် မျိုးဆက်သစ်တို့ရင်းနှီး ကျွမ်းဝင်စွာ သိရှိစေရေး အတွက် မြန်မာနိုင်ငံ သဘင် သမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ သဘင် သမဂ္ဂ ဖြစ် မြောက်ရေး ကော်မတီ ယာယီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ သဘင် သမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၈ ရက်က ပြောကြားသည်။
မြန်မာ့သဘင် သမဂ္ဂကို မြန်မာ့သဘင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ သဘင် လောကသား များ၏ လုပ်ငန်းခွင်နှင့် လူမှုဘဝ ပတ်ဝန်းကျင် တိုးတက်စေရေး အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ မြန်မာ့ သဘင် အင်အားစုများ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန်နှင့် သဘင် လုပ်ငန်း များတွင် ဖြစ်ပေါ်လေ့ ရှိသော အလုပ်ရှင်၊ အလုပ်သမား၊ ပွဲရှင်၊ ပွဲငှား ပြဿနာ များတွင် နည်းဥပဒေ များနှင့် အညီ ဖြစ်စေရေး အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ သဘင် သမဂ္ဂသည်  စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ အနုပညာ အဖွဲ့အစည်း များနှင့် လက်တွဲ ဆောင်ရွက်သွားရန် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။ မြန်မာနိုင်ငံ သဘင် သမဂ္ဂတွင် ယာယီ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ စာရေးဆရာ ချစ်ဦးညို၊ ဒုတိယ ဥက္ကဋ္ဌ ဦးနန်းဝင်း၊ ဒါရိုက်တာ မောင်သီနှင့် အတွင်းရေးမှူး ဦးသိန်းဇော် တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

0 comments: