
ဗင်နီဇွဲလား
နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲအား အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့ရာ
လက်ရှိတွင် သမ္မတ အဖြစ် တာဝန် ထမ်းဆောင် နေသော ဟူဂိုချားဗက်ဇ် ပြန်လည်
ရွေးကောက် ခံရကြောင်း အမျိုးသား ရွေးကောက်ပွဲ ကောင်စီက ထုတ်ပြန် ကြေညာချက်
တစ်ရပ်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြ ခဲ့သည်။
ဆန္ဒမဲ
စုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းကို ရေတွက်ပြီးနောက် ဟူဂိုချားဗက်ဇ်သည်
အတိုက်အခံ ပါတီမှ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဟင်နရစ် ကာပရီလက်အား မဲအရေအတွက် ၉ ဒသမ
၄၅ ရာခိုင်နှုန်း အသာဖြင့် အနိုင်ရ ခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်း ဌာန၏
ဖော်ပြချက် အရ သိရသည်။
သမ္မတ ချားဗက်ဇ်သည် အောက် တိုဘာ ၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲအရေ အတွက် စုစု ပေါင်း၏ ၇ဝ ရာခိုင်နှုန်းကို ရရှိ လိမ့်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း စက်တင်ဘာလ အစောပိုင်းက ပြောကြားခဲ့သည် ဟုသိရသည်။
0 comments:
Post a Comment