Wednesday, October 10, 2012
0
ဖိလစ်ပိုင်အစိုးရသည်နိုင်ငံ၏အင်အားအကြီးဆုံး သူပုန်အုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ်အတွက် အခြေခံအချက်အလက်များအပေါ် သဘောတူညီမှုရရှိပြီးနောက် သမ္မတဘီနစ်နိုအကွီနိုကပြောကြားသည်။
ပြည်သူလူထုအသက်၁၂၀၀၀၀ကျော်ဆုံးရှုံးခဲ့ရသောနှစ်ပေါင်း၄၀ကြာ စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် မိုကိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး(အမ်အိုင်အယ်လ်အက်ဖ်)နှင့် ကာလကြာမြင့်စွာ ဆွေးနွှေးညှိနှိုင်း၍ ဤသဘောတူညီမှုကိုရရှိခဲ့ခြင်းဖြစ်သည်။ဤသဘောတူညီချက်အပေါ် အမ်အိုင်အယ်လ်အက်ဖ်အဖွဲ့က အလွန်ကျေနပ်အားရကြောင်းပြောကြားသည်ဟု ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ ဖော်ပြကြသည်။ မလေးရှားနိုင်ငံ၌ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး နောက်ဆုံးတရားဝင်လက်မှတ်ရေးထိုးပွဲကို မြို့တော်မနီလာ၌အောက်တိုဘာ၁၅ရက်နေ့တွင် ကျင်းပမည်ဟုမျှော်လင့်ရသည်။ မင်ဒါနာအိုတွင် အကြမ်းဖက်မှုများနိဂုံးချုပ်၍ ငြိမ်းချမ်းရေးရရှိရန်အတွက် ဤအခြေခံသဘောတူညီမှုကလမ်းဖွင့်ပေးပြီဖြစ်
ကြောင်း သမ္မတအကွီနိုက နိုင်ငံတောင်ပိုင်းဒေသကို ရည်ညွှန်း၍ ငြိမ်းချမ်းရေးကြေညာချက်မိန့်ခွန်းတွင် ထည့်သွားပြောကြားသည်။ငြိမ်းချမ်းရေးလုပ်ငန်းများ ပြီးဆုံးသွားခြင်းမရှိသေးကြောင်း၊ ပြဿနာများကို အသေးစိတ်ဖြေရှင်းပြီးသည့်တိုင် နှစ်ဖက်လုံးကအစွမ်းကုန်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း သမ္မတကထပ်လောင်းပြောကြားခဲ့သည်။

0 comments: