Monday, October 08, 2012
0


ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရာမူးနဲ့ ကော့စ်ဘဇားကို ဒီကနေ့ လာရာက် ကြည့်ရှုမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်မရောက်လာမီမနေ့ကတော့ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ဟိန္ဒူဘာသာဝင်တွေ၁၀၀၀ ကျော်ခန့်က
 ငြိမ်းချမ်းစွှာ ဆန္ဒဖေါ်ထုတ်ပွှဲ တစ်ရပ်ကို ကော့စ်ဘဇားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြတဲ့သူ တွေဟာ ခရိုင်ရုံးရှေ့ကို သွှားရောက်ပြီး ပိုစတာတွေဆိုင်းဘုတ်တွေကိုယ်စီ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ရာမူးမှာ ဘုန်းတော်ကြီးကျောင်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆန္ဒကို အစိုးရကို ထုတ်ဖေါ်ပြတာ ဖြစ်တယ်လို့ဆန္ဒပြရတဲ့အကြောင်းအရင်းကိုဦးဆာင်ပါဝင်သူကိုအောင်စံထွှန်းက
 ပြောပါတယ်။
ပါဝင် ကျူးလွန်သူတွေကို အရေးယူပေးဖို့နဲ့ နောက်နောင် ဒီလို မဖြစ်ရအောင် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟာ ရာမူးနဲ့ ကော့စ်ဘဇားကို လာရောက်ကြည့်ရှု့မှာ ဖြစ်တဲ့အတွှက် မနက်ဖြန် ဘုန်းကြီးကျောင်းမှာ လူစု ၊ ကော့စ်ဘဇား လေဆိပ်ကို သွားရောက်ပြီး ၀န်ကြီးချုပ်ကို သူတို့ရဲ့ သဘောထားကို ထုတ်ဖေါ်မယ်လို့ ဆိုသွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာဒီကနေ့မှာရာမူးကိုသွှားရောက်ကြည့်ရှု့မှာ ဖြစ်ပြီးဗုဒ္ဓဘာသာ ခေါင်းဆောင်
တွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံကာ လူနည်းစုဗုဒ္ဓဘာသာဝင်တွေရဲ့ အရေးကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

0 comments: