Monday, October 15, 2012
0
ရှင်နှင့် ဗီဒီယိုလောက သားများ၏ဆုံးရှုံးနေရ သောအခွင့်အရေးများ၊ နစ်နာ မှုများ၊မတရားချုပ်ကိုင်ထား မှုများကို ဖော်ထုတ်၍ တောင်းဆိုလှုပ်ရှားခဲ့သော အဖွဲ့ဖြစ်သည်။အဖွဲ့၏ အမည် အား ပေါ်ပြူလာဂျာနယ်အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)မှ ပေးခဲ့ခြင်းဖြစ်သည်။၂ဝ၁၁ ခုနှစ် နှစ်လည်ခန့် စတင် လှုပ်ရှားစဉ်က အဖွဲ့ဝင် ၉ ဦးသာ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်အဖွဲ့ ဝင် ၁ဝဝ ခန့်အထိတိုး ပွားလာခဲ့
သည်။ ရုပ်ရှင်နှင့် ဗီဒီယိုလောက အလွှာ အသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်နှင့် ထုတ်လုပ်သူများပေါင်းစုံ ပါဝင်သောအဖွဲ့ဖြစ်သည်။လွတ်လပ်သော မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးပေါ်ထွန်းလာရေး၊ ဆင်ဆာဘုတ်အဖွဲ့ ဆင်ဆာမူဝါဒမှစ၍ အခြားသော ရုပ်ရှင်နှင့် ပတ်သက်သမျှ ကဏ္ဍအသီးသီးအတွက် နည်းလမ်းပေါင်းစုံ၊ မီဒီယာ ပေါင်းစုံတို့ဖြင့် လှုပ်ရှားတောင်းဆိုခဲ့ကြသည်။ ယင်းသို့လှုပ်ရှားတောင်းဆိုမှုများနှင့်အညီ မြန်မာ့ရုပ်ရှင်လောကအတွက် ကောင်းမြတ်သော ရလဒ်များပေါ်ထွက်လာခဲ့သဖြင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ "ရုပ်ရှင်ဂုဏ်ဆောင်ဆု"ကို ချီးမြှင့်ရခြင်းဖြစ်သည်ဟု မြန်မာ့ ရုပ်ရှင်နေ့ဂုဏ်ပြုအခမ်းအနားမှတ်တမ်းစာအုပ်တွင် ဖော်ပြပါရှိသည်။




0 comments: