မြန်မာနိုင်ငံတွင်
OIC ရုံးခွဲများ လာရောက်ဖွင့်လှစ်မည့်အပေါ် ကန့်ကွက်သည့်အနေဖြင့်
မန္တလေးမြို့လေး ပြင်လေးရပ်မှ သံဃာများဆန္ဒထုတ်ဖေါ်မှုတစ်ခုကို မန္တလေးတိုင်း
သထ္ထုနှင့်သစ်တောဝန်ကြီး ဦးသန်းစိုးမြင့်မှ မန္တလေးတိုင်းသံဃာ့ မဟာနာယကမှ
ဆရာတော်ကြီးများအား လာရောက် မေတ္တာရပ်ခံ လျှောက်ထားခဲ့ပြီး ဆန္ဒပြမှုများကို
ရပ်ဆိုင်းပေး ရန် မေတ္တာရပ်ခံကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုကို
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မစိုးရိမ်တိုက်ဟောင်းတွင်
ကျင်းပခဲ့ပြီး ဆရာတော်ဝီရသူ အပါအ၀င် သံဃာ့မဟာနယကမှ ဆရာတော်ကြီးများ ၊
ဝန်ကြီး ဦးသန်းစိုးမြင့်နှင့် အစ္စလာမ့် အဖွဲ့ကြီး(၅)ဖွဲ့မှ
ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
``
OIC ရုံးခွဲဖွင့်ဖို့အတွက် ခွင့်ပြုမှာ မဟုတ်ပါဘူး ၊ အဲဒီအတွက်
မြန်မာ့အသံကနေ ကြေညာပေးသွားမှာ ဖြစ်ပါတယ် ´´ ဟု ၀န်ကြီးမှ သံဃာတော်များအား
လျှောက်ထားခဲ့သည်။
ဆရာတော်ကြီးမျ
ားမှ OIC ရုံးခွဲများဖွင့်ခြင်းများကို လက်ခံမည်မဟုတ်ပဲ
သာသနာရေးကိစ္စများကို ကာကွယ်သွားမည် ဖြစ်ကြောင်း ကို ပြောကြားခဲ့ပြီး
နိုင်ငံတော်မှနေ၍ OIC ရုံးခန်းများ ဖွင့်လှစ်ခွင့်မပြုကြောင်း တရားဝင်
ကြေညာပါက ကန့်ကွက်ဆန္ဒပြမှုများကို ရပ်ဆိုင်းပေးမည်ဟု မိန့်ကြားခဲ့သည်။
အလားတူ
ထိုနေ့ပွဲသို့ တက်ရောက်လာသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၅)ဖွဲ့မှ
ခေါင်းဆောင်များက ဆရာတော်များအား တွေ့ဆုံခဲ့ပြီး မိမိတို့အဖွဲ့အနေဖြင့်
OIC လက်အောက်ခံအဖွဲ့များ မဟုတ်သလို ထို OIC အဖွဲ့မှာလည်း
နိုင်ငံတော်အစိုးရနှင့်သာ အဆက်အသွယ်လုပ်ခဲ့ခြင်းသာဖြစ်ပြီး
မိမိတို့အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်ဟု
တင်ပြလျှောက်ထားခဲ့ကြသည်။
အောက်တိုဘာလ
(၁၄)ရက်နေ့ည၌ နိုင်ငံပိုင်သတင်းဌာနများမှ မကြေညာပဲ နောက်ရက်
(၁၅)ရက်နေ့တွင် သာ ကြေညာခဲ့ကြောင်း သိရပြီး ထိုနေ့၌ သံဃာများမှ OIC
အားကန့်ကွက်သည့်ဆန္ဒထုတ်ဖေါ်မှုများကို
ရန်ကုန်၊မန္တလေးမြို့နှင့်အခြားမြို့ကြီးများတွင်
ဆက်လက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
0 comments:
Post a Comment