ယခုတစ်လော
သတင်းကြီးနေတဲ့ လက်ပံတောင်းကြေးနီ စီမံကိန်းအား ဆန့်ကျင်သည့် အနေဖြင့်
ဒေသခံ များမှ ကြောက်မက်ဖွယ်ရာ ပြကွက်ဆန်းများဖြင့် ဆန္ဒပြခဲ့ကြ ပါသည်။
အဆိုပါ
လက်ပံတောင်းကြေးနီ စီမံကိန်း ဆိုသည်မှာ...
ယခုပုံနေရာတွင် ယခင်ကရှိခဲ့သော စံပယ်တောင်ဟု ခေါ်သောတောင်ကြီးအား ဖြိုချပြီးနောက်
ကြေးနီသတ္တုတူးဖော်ခြင်းများလုပ်ကိုင်ခဲ့သည့်အတွက်ကြောင့်
ဘေးထွက်ဆိုးကျိုးများရှိကြောင်း ပါဖောမန့်ကျွမ်းကျင်သူများနှင့်
ကွန်ယက်များ၊ သက်ကြီးကျောင်းသားများ၏ ပံ့ပိုးမှုများဖြင့် ဒေသခံများမှ
ဆန္ဒပြကြခြင်းဖြစ်သည်။
ပထမအကြိမ် အခေါင်း ၃ လုံး မီးရှို့ဆန္ဒပြ ပါဖောမန့်လုပ်ဆောင်ခဲ့
လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာ ကြားသည့် ပုံသဏ္ဍာန်
အင်မတန်ထိတ်လန့်ဖွယ်ကောင်းသော ပြကွက်ဆန်းများအား ဒေသခံရွာသူရွာသားများမှ ဆန္ဒပြရာတွင် အသုံးပြုခဲ့ကြသည်။(The Voice Weekly)
0 comments:
Post a Comment