ကောလာဟလများကိုအချိန်မီကုစားလိုင်နိုင်ပြီဟုဦးအောင်ကိုဝင်းပြောကြား Wednesday, October 10, 2012 unknown 0 အောက်တိုဘာလဆန်းမှစ၍ ထွက်ပေါ်လာသော ကောလာဟလ များကို အချိန်မီ ကုစားနိုင်ခြင်းကြောင့် လုပ်ငန်း အခြေအနေမှာ ပုံမှန်အနေ အထားသို့ ပြန်ရောက်လာပြီဖြစ် ကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အောက်တိုဘာ လ ၉ရက်နေ့တွင် ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင်ပြောကြားပါသည်။ ယင်းနေ့တွင်ပင် မြန်မာနိုင်ငံ ဘဏ်များအသင်းတွင်နိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌနှင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်သောပုဂ္ဂလိကသတင်း မီဒီယာများတက်ရောက်ခွင့်မရခဲ့ သည့်ဘဏ်လုပ်ငန်းဆိုင်ရာအစည်း အဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ "အဲဒီအစည်းအဝေးမှာ ကျွန် တော်ကျေးဇူးတင်စကားပြောခဲ့ပါ တယ်။ ကျေးဇူးတင်စကားသုံးခု ပြောခဲ့ပါတယ်"ဟု ဦးအောင်ကိုဝင်း က ကမ္ဘောဇဘဏ်ရုံးချုပ်တွင် သ တင်းမီဒီယာများကို ပြန်လည်ပြော ကြားပါသည်။ ဦးအောင်ကိုဝင်းက ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ဘဏ်များအသင်းနှင့် သတင်းမီဒီယာများကို ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ပေါ် ခဲ့သောကိစ္စတွင် ဗဟိုဘဏ်မှ မားမား မတ်မတ် ရပ်တည်ပေးခဲ့ပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်နေ့များတွင်ပါ ငွေပမာဏ အကန့်အသတ်မရှိထုတ် ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံဘဏ် အသင်းကလည်း အချိန်မဆိုင်းဘဲ သတင်းစာရှင်းလင်းပွဲကို ဦးစီးဦး ဆောင် စီစဉ် ပြုလုပ်ပေးခဲ့ကြောင်း၊ သတင်း မီဒီယာများကလည်းအချိန် နှင့်တစ်ပြေးညီ ဖော်ပြပေးခဲ့ကြောင်း နှင့် ထိုသို့ ကောလာဟလများကို အချိန်မီ ကုစားသွားနိုင်ခြင်းကြောင့် ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ပုံမှန်ပြန် ဖြစ်လာပြီဖြစ်ကြောင်း ၄င်းကပြော ကြားပါသည်။ "ဒီလိုသာ ကူညီ ထောက်ပံ့မှုရှိ ရင် ဘာမှမဖြစ်နိုင်ဘူး။ မည်သည့် ပုဂ္ဂလိကဘဏ်ကိုမှ မတိုက်ခိုက်နိုင်ဘူး" ဟု ဦးအောင်ကိုဝင်းကထင်မြင် ချက်ပေးပါသည်။ ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကောလာဟလများသည် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍ ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ပြီး တစ်စုံတစ် ဦး၊ အဖွဲ့အစည်းတစ်ခုမှ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း၊ ငွေရေးကြေးရေး ကဏ္ဍကမောက်ကမဖြစ်မှုကြောင့် နိုင်ငံရေးတွင်ပါ ကမောက်ကမ ဆက်လက်ဖြစ်ပေါ်လာရန်အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်နိုင် သည်ဟုယူဆကြောင်း၎င်းက သုံး သပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း များတွင် ထိုသို့ကောလာဟလထွက် ပေါ်မှုများဖြစ်ပေါ်လေ့ရှိပြီး ဘဏ် များအနေဖြင့် ယင်းကောလာဟလ ဒဏ်ကိုခံနိုင်ရည်ရှိရန်ပြင်ဆင်ထား ကြောင်းလည်း သိရပါသည်။ "ကျွန်တော်တို့မှာလည်းအရင် အတွေ့အကြုံရှိတယ်။ ဒါကြောင့် ငွေဖြစ်လွယ်တဲ့အချိုးကို အမြဲမြှင့် ထားပါတယ်။ ဗဟိုဘဏ်ဆီကနေ ငွေချေးစာချုပ်တွေအများကြီးဝယ် ထားတယ်။ အခုလည်း ကိုယ်အပ် ထားတဲ့ငွေကို ဗဟိုဘဏ်ဆီကပြန် ယူတဲ့သဘောမျိုးပါ"ဟု ဦးအောင် ကိုဝင်းက ရှင်းပြပါသည်။ ကောလာဟလထွက်ပေါ်ခဲ့ခြင်း ကြောင့် ကမ္ဘောဇဘဏ်တွင် အပ်နှံ ထားသည့်ငွေများထုတ်ယူခြင်းခံခဲ့ ရသော်လည်း ယခုအချိန်တွင်ပြန် လည်တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများပုံမှန်ဆောင်ရွက် နေပြီး အပ်ငွေ၊ လွှဲပြောင်းငွေ၊ ချေး ငွေကန့်သတ်မှု၊ ရပ်ဆိုင်းမှု လုံးဝ မပြုလုပ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင် ကျော်မျိုးကသတင်းမီဒီယာများအား ဘဏ်အတွင်းလုပ်ငန်းများလှည့်လည် ပြသမှုအပြီးတွင်ပြောကြားပါသည်။ မြန်မာနိုင်ငံတွင်ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး ကမ္ဘောဇဘဏ်သည် လက်ရှိ မတည်ငွေရင်းအများဆုံး နှင့် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသော ဘဏ်ဖြစ်ပါသည်။ လက်ရှိ အချိန်အထိ ဘဏ်ခွဲ ၇၉ဘဏ်ဖွင့် လှစ်ပြီးဖြစ်ပြီး မတည်ငွေရင်း ကျပ် ၇၀ဘီလျံဝန်းကျင်ရှိကြောင်း ကမ္ဘောဇ ဘဏ်ထံမှ သိရပါသည်။
0 comments:
Post a Comment