Tuesday, October 09, 2012
0

မြန်မာမိုဘိုင်းလက်ကိုင်ဖုန်း များကို ကျေးရွာနေပြည်သူများကို   အရစ်ကျငွေပေးချေသည့်စနစ်ဖြင့်   မကြာမီရောင်းချပေးမည်ဖြစ်  ကြောင်း သတင်းရရှိသည်။ယခု နှစ် မကုန်မီ အောက်တိုဘာလ  (၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက် နေ့ထိ ရောင်းချပေးမည်ဟု သိရ သည်။ရောင်းချပေးမည့် လက်ကိုင်     ဖုန်းစနစ် အမျိုးအစားမှာ GSM (2.75) အမျိုးအစားကို ဈေးနှုန်း  လျော့ချမှုမရှိဘဲ ရောင်းချပေးမည် ဖြစ်ကြောင်း အင်တာနက်သတင်း  များတွင် ဖော်ပြနေသည်ကိုလည်း   တွေ့ရသည်။GSM/UMTS မိုဘိုင်း   လက်ကိုင်ဖုန်းများမား ကြိုးမဲ့လေ လှိုင်းလွှမ်းခြုံဧရိယာများအတွင်းရှိ  ကျေးလက်ဒေသများမှာ အသုံး ပြုလိုသည့် ပြည်သူများအတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်စည်းကမ်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။သတ်မှတ်ချက်များတွင်    ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံ သော ပုဂ်္ဂိုလ်မျာကိုသာ ရောင်း   ချမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး   မှူးမှ အနီးကပ်ကြပ်မတ်ကွပ်ကဲ ရန်နှင့်မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း တိုင်းဒေသကြီး/ပြည်နယ်  မန်နေဂျာမျာမှ ကြီးကြပ်ရောင်း  ချပေးရာတွင် GSM လက်ကိုင်   တယ်လီဖုန်းများကို အစိုးရ၀န်ထမ်း   များအား ရောင်းချပေးနေသည့်   မူဖြစ်သော ကနဦးပေးသွင်းငွေ  (လေးသောင်းကျပ်)ပေးသွင်းရမည် ဟုဆိုသည်။လစဉ်ပေးသွင်းငွေ အတွက် (တစ်သောင်းကျပ်)သတ် မှတ်ထားသည်။လက်ကိုင်ဖုန်း ရောင်းချရငွေမှ ၂ရာခိုင်နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးလက်  ဒေသဖွံ့ဖြိုးရေး ရံပုံငွေသို့ ထည့်   ၀င်သွားမည်ဖြစ်ကြောင်း စုံစမ်း   သိရှိရသည်။ထို့အပြင် အရစ်ကျ  စနစ်ဖြင့် ၀ယ်ယူမည့်သူများအနေ ဖြင့် သဘောတူစာချုပ်ချုပ်ဆိုရ မည်ဖြစ်ပြီး အဆိုပါစာချုပ်တွင် မိမိဆန်္ဒအရ၀ယ်ယူရခြင်းဖြစ်  ကြောင်းကျန်ရှိသည့် ငွေများကို လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးမှ ကနဦး   တပ်ဆင်ခနှုန်းထားများလျော့ချ  ပါက ပြောင်းလဲလျော့ချသည့်နှုန်း        ထားအသစ်အား ခံစားခွင့်ရရှိမည်။    နှုန်းထားအသစ်ထက်ကျော်လွန်  ၍ ငွေသွင်းထားပြီးဖြစ်ပါက ထို ပိုမိုပေးသွင်းထားမိသည့် ငွေပမာ  ဏအား ပြန်လည်ထုတ်ပေးမည်  မဟုတ်ကြောင်း မိုဘိုင်းလက်ကိုင်  ဖုန်းကျသင့်ငွေများကို ကျေးရွာ  အုပ်ချုပ်ရေးမှူးမှ စုစည်း၍ မြို့နယ်  ဆက်သွယ်ရေးစခန်းများသို့ ပေး သွင်းရန်ဖြစ်ကြောင်း အင်တာနက်    သုံးစွဲလိုပါက သတ်မှတ်နှုန်းထား   အတိုင်းသုံးစွဲခွင့်ရှိမည်။အရစ်ကျ  ပေးသွင်းငွေကို လစဉ်ပေးသွင်းမှု မရှိခြင်းနှင့်သုံးစွဲနေစဉ်ပြည်ပနိုင်ငံ များနှင့်တရားမ၀င်ခေါ်ဆိုမှုများရှိ သည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိ   ပါက လိုင်းဖြတ်တောက်မည်ဟု   သိရသည်။ပထမအရစ်ငွေပေးသွင်း ပြီးချိန်တွင် စတင်သုံးစွဲခွင့်ရှိမည်။  ငွေအကြေပေးသွင်းပြီးချိန်တွင်  ဖုန်းနှင့်ပတ်သက်သည့် စာရွက် စာတမ်းများ၊အထောက်အထား မျာကို လွှဲအပ်ပေးမည်ဖြစ်ကြောင်း     နှင့်တပ်ဆင်ခပေးသွင်းမှု မကြေ ခင်လွှဲပြောင်းရောင်းချခြင်း၊ပေါင် နှံခြင်းများမပြုလုပ်ရန် စာချုပ်တွင်  ထည့်သွင်းထားသည်ဟု သိရသည်။  လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင်း လူနေဧရိယာ၏ ၈၅ရာခိုင်နှုန်းကို မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး  ကွန်ယက်လွှမ်းခြုံထားနိုင်ပြီဖြစ်  ကြောင်း တစ်နိုင်ငံလုံးတွင်  GSM/UMTSတိုးချဲ့တပ်ဆင်ရေးစီမံကိန်း   အရ ဆက်သွယ်ရေးဝန်ဆောင်မှု   ဆောင်ရွက်နေသည့် မိုဘိုင်း တယ်လီဖုန်းရေဒီယို စခန်းပေါင်း  (၇၀၀)ခန့်ရှိပြီး မြေပြန်ဒေသတွင်   မိုဘိုင်းတယ်လီဖုန်း ရေဒီယိုစခန်း မှ(၇မိုင်/၈မိုင်)ခန့်အကွာအဝေး အထိ ဖုံးသုံးစွဲနိုင်ပြီး တောင်ပေါ် ဒေသဖြစ်ပါက ယင်းအကွာအဝေး   ထက်လျော့နည်းနိုင်ကြောင်းသိရ သည်။ယခုရောင်းချပေးမည့် သတင်းအပေါ်တွင် ရန်ကုန်မြို့ပေါ် ရှိ လူထုလူတန်းစာအသီးသီးမှ ပုံစံမျိုးစုံဖြင့် ဝေဖန်ပြောဆိုမှုများ  ရှိနေသည်ကိုလည်း ကြားသိနေရ သည်။
ပြည်သူတစ်ဦးက ပြောကြား ရာတွင် ကျွန်တော်တို့က (ငါး  ထောင်)တန်ဖုန်းရောင်းချပေးရန်   မျှော်လင့်နေတာလေ။ယခုလက်ရှိ   ဖုန်းပေါက်ဈေးတွေကို လက်လှမ်း မမီသူက မြန်မာနိုင်ငံသားအများ စုပါ။သူများနိုင်ငံတွေမှာတော့ အလကားလိုလိုပေးတာကြားသိနေ ရတယ်။အဲဒီနိုင်ငံတွေမှာက ဖုန်း  ဈေးနှုန်းအပေါ်မှာအကျိုးအမြတ်    မယူဘဲ ဖုန်းပြောခကိုသာဝန်ဆောင်   မှုပေးခအဖြစ် သက်သက်သာသာ   သတ်မှတ်ထားတဲ့ နှုန်းဖြင့်ကောက်  ယူတော့ သုံးစွဲသူကများလာတယ်။   သုံးစွဲသူများလာတော့ အမြတ်ပေါ်  လာတာ သဘာဝကျတယ်။နှစ် ဘက်စလုံးက မနစ်နာတော့ဘူး ဟု သူ့အမြင်ကိုပြောပြသွားခဲ့ သည်။အခြားပြည်သူတစ်ဦးက လည်း ကျေးရွာတွေက ရွာသူ/ ရွာသားတွေကတော့ အရစ်ကျ ရောင်းချပေးမည်ကို သဘောကျ ရင်လည်းကြမှာပေါ့။စပါးတွေက လည်း ပေါ်တော့မှာလေ။အချိန်  ကိုက်ပါဘဲဟုဆိုသည်။ ဈေးကြီး တာနည်းတာ ဖယ်စဉ်းစားရင် ဖုန်းမရှိတာထက် ဖုန်းရှိတာလူ များများဖုန်းသုံးစွဲနိုင်တာက ပို ကောင်းပါတယ်ဗျာဟု ဆိုသည်။  သို့သော်လည်းပြောဆိုသံတော် တော်များများတွင် မကြာမီကာလ  (၂၀၁၃)ခုနှစ်အတွင်း မြန်မာ့မိုဘိုင်း    တယ်လီဖုန်းဈေးနှုန်းနှင့်ဆက်သွယ်    ပြောဆိုခများ လူအများစုဝယ်ယူ   ကိုင်ဆောင်နိုင်သည်အထိ ကျဆင်း   လာမည်ဟု မျှော်လင့်ချက်များ ခိုင်မာနေဆဲဖြစ်ကြောင်း မြင်တွေ့   ကြားသိနေရသည်။

0 comments: