နိုင်ငံခြားမှပြန်လည်ရောက်ရှိလာသော နိုဘယ်ဆုရှင် ဒေါက်တာဒေါ်ဒေါ်စုကို
စိုက်ပျိုးရေးလုပ်သားများအဖွဲ့မှ စုပေါင်းကာကျပ်ငွေ၃သိန်းတန်ပန်းစည်းပို့ကာကြိုဆိုခဲ့သော်လည်းဒေါ်စုမှ လက်မခံခဲ့ဟု သတင်းရရှိပါသည်
။ထို့ကြောင့်စိုက်ပျိုးရေးလုပ်သားများမှများစွာဝမ်းနည်းရကြောင်းမိမိတို့စေတနာကို စော်ကားသလိုခံစားရ ပါကြောင်း ဖြင့် ရင်ဖွင့်လာခဲ့ပါတယ် ။
မိမိတို့အနေဖြင့် ဒေါ်စု၏ မဲဆွယ်ခရီးစဉ်ကာလက ပြောခဲ့သော စကားလုံးများ အိမ်မက်များကို ဒေါ်စု အမတ်ဖြစ်သွားသည့်နေကစပြီး ယနေ့တိုင်အကောင်အထည်မဖော်နိုင်သော်လည်း ဗိုလ်ချုပ်သမီးဖြစ်သည့်
အတွက် လေးစားလျှက်ရှိပါကြောင်း ၊ နိုင်ငံခြား ခနခန ထွက်တတ်သောကြောင့် အားကျရပါကြောင်း ၊
သို့သော် နိုင်ငံခြားမှပေးသော ဆုများအကြောင်းမှာ မိမိတို့အနေနှင့် မည်သည့်အတွက်ပေးသည်ကို မသိရပါသော်လည်း ဝမ်းမြောက်ရပါကြောင်းနှင့် ယခုအခါ ဦးသိန်းစိန် သမ္မတကြီးမှာ နိုဘယ်ဆု ရမည်ဟု
သတင်းထွက်ခဲ့ပါသော်လည်းမရရှိခဲ့သောကြောင့်မိမိတို့၏နယ်စပ်ဒေသစစ်ပွဲများးနှစ်၅၀ကျော်ဖြစ်ပွါးနေသော မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မှာ အန်တီစု သာလျှင်ဖြစ်သောကြောင့် ပိုမိုလေးစားမိပါကြောင်း ၊ ထို့ကြောင့် အန်တီစုအား မိမိတို့လုပ်အားများဖြင့် ဂုဏ်ပြုချင်သောကြောင့် ပန်းစည်း ပေးပို့ခဲ့သော်လည်း ဒီချုပ်ရုံးလူငယ်များနှင့် ဘော်လီဂတ် ဟုခေါ်သောလူများက လက်မခံပဲ လွှင့်ပစ်လိုက်သောကြောင့် မိမိတို့ အနေနှင့် များစွာ စိတ်ပျက်ရပါကြောင်း ဖွင့်ဟပြောဆိုခဲ့ပါသည် ။
မောင်ကျောက်ခဲမှကူးယူဖော်ပြသည်
0 comments:
Post a Comment