Wednesday, November 21, 2012
0
၂၁၊နိုဝင်ဘာ၊ဖနွမ်းပင်။
ဖနွမ်းပင်မြို့ကိုရောက်ရှိနေတဲ့နိုင်ငံတော်သမ္မတဦးသိန်းစိန်ကကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီးနှလုံး ခုန် နှေးတဲ့ ရောဂါရှိတဲ့အတွက်ကာကွယ်ပေးတဲ့စက်ထည့်ထားရကြောင်း ပိုမိုကောင်းမွန်တဲ့စက်နဲ့ အစား ထိုးလဲ တပ်ဆင်ထားကြောင်း၊ကို သမ္မတတည်းခိုနေတဲ့ဟိုတယ်ကမ္ဘောဒီးယားနားမှာပြုလုပ်တဲ့မြန်မာ သ တင်းစာ ဆရာနဲ့တွေ့ဆုံတဲ့ပွဲ မှာ ပြောပါတယ်။

သာမာန်လူတစ်ဦးရဲ့ နှလုံးခုန်နူန်းဟာ ၇၀ ကျော်ရှိပေမယ့် သမ္မတဦးသိန်းစိန် နှလုံးခုန်နူန်းကတော့ ၆၄- ၆၅ ကြားမှာရှိနေတကြောင့် စက်ထည့်ထားရတယ်လို့ ဦးသိန်းစိန်ကပြောပါတယ်။

"အခုထည့်ထားတဲ့စက်ကတော့ပိုပြီးနေလို့ထိုင်လို့ကောင်းပါတယ်။"လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကပြောပါတယ်။ဒီစက်ထည့်ထားလို့ နှလုံးခုန်နူန်းပို မြန်မလာအောင် သူ့အနေနဲ့ဆေးသောက်ရကြောင်း ရှင်းပြပါတယ်။

"အဲဒီစက်က နှလုံးခုန်နူန်းမြန်လာရင်ခြေတွေလက်တွေက အစစာရေးတာကအစမကိုင်ချင် မပြုချင်ဖြစ် လာ တယ်တစ်ခါ အဲဒီနှလုံးခုန်နူန်း မြန်တာကို ထိန်းဖို့ အတွက် ဆေးသောက်ရတယ်။ ဆေးရဲ့ ဆိုက်အဖက်က မျက်လုံးတွေပါတွေပြူးလာတယ်။ ကျွှန်တော် ထင်တယ် ကျွှန်တော် မျက်လုံး မပြူးသေးဘူး ထင်ပါတယ်"လို့ ဦးသိန်းစိန်ကရယ်ပြီးပြောပါတယ်။

"စက်ကောင်းနေသမျှတော့ ကျွှန်တော် ဘာမှမဖြစ်ဘူးနေကောင်းနေတယ်။ စက်အပေါ်မှာပဲမူတည်နေ တယ်" လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာကျင်းပတဲ့၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ေ ရာက်ခဲ့တဲ့နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာရန်ကုန်မြို့ကိုပြန်လည်ထွက်ခွာဖို့အတွက် ဖနွမ်းပင်လေဆိပ် ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

0 comments: