ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ
မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိ ကနှင့်
ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။
အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍပါဝင်လာပါက အရှုံးပေါ်နေသော လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ်ရရှိနိုင် လာမည်ဟု သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။
“ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့အစိုးရပုံစံအတိုင်းပဲ သွားနေတာဆိုတော့ဈေး ကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။
အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးဆောင်ညွှန်ကြားရေးမှူးဦးဝင်းဖေ
0 comments:
Post a Comment