ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည်
ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ်
မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ(၃)နာရီ(၄၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ်
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ အမျိုးသမီးများ၏
လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ဘဝ
ဖွံ့ဖြိုးတိုးတက်ရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း
ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ၏
ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန် ကြီး
ဦးဝဏ္ဏမောင်လွင်၏ ဇနီးဒေါ်လင်းလင်းတင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ၏ ဇနီး ဒေါက်တာခင်ဆွေမြင့်၊
ဗီယက်နမ်သံအမတ်ကြီး၏ ဇနီး ဒေါ်ဖြူဖြူထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ
တက်ရောက်ကြပြီး ဗီယက်နမ် သမ္မတ၏ ဇနီးမဒမ် မိုင်သီဟိုက်ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန် မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ
သံအမတ်ကြီး၏ဇနီး Mrs. Le thi Vav လည်း တက်ရောက်ကြသည်။
0 comments:
Post a Comment