Friday, November 30, 2012
0
 
International Crisis Group သည် ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် နယူးယောက်မြို့၌ In Pursuit of Peace ချီးမြှင့်ပွဲနှင့် ညစာစားပွဲ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ဂုဏ်ပြုမည် ဖြစ်ပါသည်။Crisis Group ၏ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် သိန်းပေါင်းများစွာသောလူများ၏ဘဝများကို အသွင်ပြောင်းစေသောအမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့်ပဋ္ဋိပက္ခ များပြီးဆုံးသွားရေး ကမ္ဘာကြီး၏ကတိကဝတ်များကို လုပ်ဆောင်ပေးသော အစိုးရ၊ ဆက်ဆံရေး လုပ်ဆောင်မှု (diplomacy)နှင့်ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိကပုဂ္ဂိုလ်များအတွက် ဂုဏ်ပြုသည့်အခွင့်အလမ်း တစ်ခုပင် ဖြစ်ပါ သည်။

“အခုလိုကမ္ဘာကြီးရဲ့ နေရာအတော်များများဟာ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေပုံရတဲ့ အချိန်မျိုးမှာ မြန် မာနိုင်ငံနဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာသမ္မတတွေရဲ့ လုပ်ဆောင် မှုနဲ့ တွေ့ရတာဟာ ထင်ရှားတဲ့ဥပမာတွေပါပဲ” ဟု International Crisis Groupနာယက Thomas R. Pickering က ပြောကြားခဲ့ပါသည်။“သမ္မတ ဦးသိန်းစိန်ရော သမ္မတ Lula ရောဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီလို ဂုဏ်ပြုရတဲ့ အတွက်မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ ခြေလှမ်းများမှာ အထောက်အကူ ဖြစ်ပါမယ်။ အပယ်ခံနှစ်များကနေ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရာမှာ သူတို့ရဲ့ နေရာပိုမိုမြှင့်တင်နိုင်အောင် အားပေးသလို ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါသည်။Crisis Group ဥက္ကဌ Louise Arbourက ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ ၂၀၁၁ မတ်လသမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်း မရှိတဲ့ မှတ်မှတ်ထင်ထင်ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်လာပါတယ်။ နိုင်ငံရေး အကျဉ်းသားရာပေါင်း များစွာလွှတ်ပေးခြင်း၊ သတင်းစာ လွတ်လပ်ခွင့်ဖြေလျော့ပေးခြင်း၊ အဓိက အတိုက်အခံပါတီနဲ့ ဆွေးနွေးမှုပိုမိုလုပ်
ဆောင်လာခြင်းများ ပါဝင်ပါတယ်” ဟုဆိုပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ယနေ့ထိ လုပ်ဆောင်လာသော နိုင်ငံရေးအရ ဖြေလျော့မှုများအပြင်ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်နှင့်ရိုဟင်ဂျာအုပ်စုများကြားတွင်ဖြစ်ပွားလျက် ရှိသည့် ပြင်းထန်သောဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ချက်ချင်းရှာရမည်ဖြစ်ပါသည်။

(Crisis Group သည် ဇွန်လကအစီရင်ခံစာနှင့်ယခုလအစောပိုင်းက ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖေါ်ပြ ပြီးဖြစ်ပါသည်) အဆိုပါ ဖြစ်ရပ်များကြောင့်ပြည်သူများ၏ ဘဝများပျက်စီးခြင်းများ ဖြစ်နေဆဲဖြစ်ရာ တိတိပပဆိုရ လျှင် မူဆလင်ရိုဟင်ဂျာ လူနည်းစုတွင်ပိုမို ပျက်စီး နေရပါသည်။ တိုင်းပြည်တွင် အရေးကြီးသော တိုးတက်မှုများ လည်း မြင်တွေ့ရလျက်ရှိရာနှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အုပ် စု အတော်များများနှင့်အစိုးရသည် ပဏာမအပစ်အခတ်ရပ်စဲရေးများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ကချင် လွတ်လပ်
ရေးအဖွဲ့ (KachinIndependence Organisation)နှင့်မကြာမီသဘောတူညီချက် တစ်ခုရလိမ့်မည်ဟု မျှော်လင့် ရပါသည်။

ဘရာဇီးနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ထိ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lula ဟုလူသိများသော Luiz Inácio Lula da Silva သည် သူ၏ နိုင်ငံအား စီးပွားရေးနှင့် နိုင်ငံရေး ခေတ်သစ်ကိုပုံဖော်ပေးခဲ့ပြီး၊ သန်းပေါင်း များစွာသောလူများကို ဆင်းရဲတွင်းမှ လွတ်စေခဲ့ပါသည်။ ၎င်း၏ အစိုးရသည်အဆိုပါ ခိုင်မာသော အခြေခံပေါ်မူ တည်၍ လူမှုရေးအစီအစဉ်များဖြင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင်အရေးပါသော ပလေယာ (Player) တစ်ဦးဖြစ် လာပါသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် တောင်ဖက်နိုင်ငံ ချင်းချဉ်းကပ်မှု (South–South approach)ကိုဖော်ဆောင်လာပါသည်။သမ္မတ da Silva သည် စုစည်းမှုတွင် အ မှန်တကယ် ခိုင်မာလာစေရေး အတွက်လုပ်ဖော်ကိုင်ဖက် လုပ်ဆောင်ရေး (partnership) ကို ဒေသတွင်း အိမ်နီး ချင်းများအား အဆိုပြုလာပါသည်။ဘရာဇီးတို့၏ ဆက်ဆံရေးပုံစံသည် ၎င်း၏ တောင်အမေရိက အိမ်နီးချင်းများ အနေဖြင့် ၎င်းတို့၏ ပြည်တွင်းပဋိပက္ခများ ရင်ဆိုင်ရာတွင် အထောက်အကူ ပြုပါသည်။သမ္မတda Silva ၏ အစိုး ရလက်ထက်တွင် သံတမန်မစ်ရှင် (၁၇)ခု အသစ်ဖွင့်လှစ်ခဲ့ရာ ဘရာဇီး၏အာဖရိကအပေါ်ထောက်ခံ ပံ့ပိုးမှုမှာ လည်း မှတ်မှတ်သားသားရှိခဲ့ပါသည်။ ဘရာဇီးသည် ဟေတီနိုင်ငံ၏ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ တွင် ဦးဆောင်ပါဝင်ခဲ့ပြီး၊ လက်ဘနွန်နိုင်ငံ၏ ကုလသမဂ္ဂ မစ်ရှင်တွင်လည်း ရေတပ် ပါဝင်ခဲ့ပါသည်။

Lula၏ အစိုးရသည် ကမ္ဘာကြီးနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏လိုအပ်ချက်နှင့် လိုက်လျော ညီထွေ စွာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဆက်ဆံရေးမျိုးကိုဖွံ့ဖြိုးစေခဲ့ပါသည်။အမျိုးမျိုးသော မဟာမိတ်များကလည်း နိုင် ငံကို ကမ္ဘာတစ်ဝှမ်း တည်ရှိစေရန်နှင့် သြဇာလွှမ်းမိုးမှု နက်ရိုင်းစေရန်လုပ်ဆောင်မှုကို ပိုမိုအထောက်အကူ ဖြစ် ပါသည်။ ဘရာဇီးလ်၏ အုပ်စုဖွဲ့မှု၊ မဟာဗျူဟာကျသောလုပ်ဖော်ကိုင်ဖက် ပြုခြင်းနှင့် မဟာမိတ်အသစ် ဖွဲ့ခြင်း များသည် တိုင်းပြည်နှင့် ၎င်း၏ ပါတနာများ (partners)အား နိုင်ငံတကာနယ်ပယ်၏ ပါဝါလေဟာနယ်၌ နေရာ ရစေပါသည်။

ယခုအခါ ရှစ်နှစ် တိုင်လာခဲ့ပြီ ဖြစ်သော Crisis Group ၏ In Pursuit ofPease ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် ကမ္ဘာတစ်လွှားဆိုးရွားသောပဋိပက္ခများကို ကာကွယ်ခြင်းနှင့်ဖြေရှင်းချင်းများတွင် တစ်ဦးချင်း ထူးချွန် အောင်မြင် စွာ လုပ်ကိုင်နိုင်မှုများအား အသိအမှတ်ပြုသောအခမ်းအနား ဖြစ်ပါသည်။ ပြီးခဲ့သည့် အကြိမ်များက ဆုချီးမြှင့် ခံရသူများတွင် အမေရိကန် သမ္မတများဖြစ်ကြသော William Jefferson Cliton နှင့် George H.W. Bush ၊ နို ဘယ် ငြိမ်းချမ်းရေးဆုရှင် MarttiAhtisaari နှင့် Ellen Johnson Sirleaf နှင့်ငွေများ လှူဒါန်းသူသဌေးကြီး Geor- ge Soros တို့ ပါဝင်ပါသည်။

0 comments: