Thursday, November 29, 2012
0
မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ၂၉-၁၁-၂၀၁၂ ရက်နေ့ တွင် လက်ပံတောင်းသို့ သွားရောက်မည်ဖြစ်ကြောင်း ကြိုတင်ကြေငြာထားသည်။ အဆိုပါ ခရီးစဉ် အတွင်း အကြမ်းဖက်ထောင်ထွက် ဆူပူသူများမှ ဒေါ်အောင်ဆန်းစုကြည် ရှိနေသည့် အချိန်တွင် ဒေါ်အောင် ဆန်း စုကြည် အား ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်မည်ဟု စည်းရုံးခြင်း၊ ၀မ်ပေါင် ကုမ္ပဏီခြံ စည်းရိုး အား ရိုက် ဖျက်ခြင်း၊ တာဝန်ရှိသူများအား တိုက်ခိုက်ခြင်းများ အချိန်ကိုက် လုပ်ဆောင်ရန် စီစဉ် လျှက်ရှိ သည်ဟု သိခဲ့ ရသည်။
ဆူပူမှုနှင့်အကြမ်းဖက်မှုကို ရည်ရွယ်ပြီးနောက် သံဃန်းဝတ်ထားပြီး တရားမလုပ်ချင်သည့် ကိုယ်တော်များက ဤသို့ သာသနာကို သိက္ခာချခဲ့ကြသည်
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်တွင် အဆိုပါ ဆူပူသူများအကြိုက် ခေါင်းစဉ် မဖြစ်နိုင်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ဆန့်ကျင်ကန့်ကွက်သည့် ဗီနိုင်း ကားချပ် များ၊ ဆောင် ဘုတ် များ ကိုင်ဆောင်ရန် ပေးထားပြီး ဖြစ်ကြောင်း၊ လိုအပ်ပါက အကြမ်းဖက်ရန် ဒုတ်များ၊ ဓား များ ဆောင် ထားကြရန် လည်း နှိုးဆော်ထားကြောင်း တို့ကို သိသွားသည့်အတွက် အလျင် စလို ဖြေရှင်း ရခြင်း ဖြစ်နို င်ကြောင်း ဆန္ဒပြပွဲ တွင် ပါ ၀င်သော်လည်း ဆန္ဒမရှိသူ ဦးဇင်း စ်ပါးမှ ပြောခဲ့သည်။
အချိန်ပြည့်တာဝန်ထမ်းဆောင်ရနေရသော ပြည်သူ့ဝန်ထမ်းများ
အဆိုပါ ဆန္ဒပြဆူပူမှုတွင် ဖန်တီးသူများဖြစ်သည့် အကြမ်းဖက်ကျောင်းသားများမှာ  မနေ့ညကထဲက ပင် ရှောင်ခွာသွားကြပြီး ဖြစ်သည်။
၁။ သော်ဇင်-မြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပံ္ပ ကျောင်းသားများကွန်ယက်
၂။ ဟန်ဝင်းအောင် - ကျောင်းသားခေါင်းဆောင်ဟု ဆိုသူ
၃။ ၀င်းကျော့်မှူး၊ ABSDF ကျောင်းသားဟောင်း၊ ထောင်ထွက်
၎။ နွေဦးကိုကို၊ ရဲရင့်ကျော်- မုံရွာကျောင်းသားသမဂ
၅။ သောင်းထိုက်ဦး- ရန်ကုန်တက္ကသိုလ်သမဂ ဖြစ်မြောက်ရေးအဖွဲ့
၆။ မျိုးသန့်၊ ထောင်မကျသေး၍ ၈၈ အဖွဲ့ထဲ ၀င်ခွင့်မရသူ ၈၈ ကျောင်းသား
၇။ ကျော်ကိုကို- ဗကသအဖွဲ့ချုပ်

ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဒဘာသာကျောင်းများ ဖျက်ဆီးခံရစဉ်က သာသနာအတွက် မကန့်ကွက်၊ ရခိုင်တွင် အမျိုးပျောက်မတတ်ဖြစ်မည့်အရေးလည်း သူတို့နှင့်မဆိုင်၊ ဆူပူလက်နက်ကိုင်မှ ပါဝင်ပြီးနောက် ဒီလို ဒဏ်ရာ ရနေပုံတွေကြည့်ပြီး ကလေးတွေကို  ဘာသာရေးအကြောင်း၊ ကိုရင်ဝတ်ဖို့အကြောင်း ဘယ်လို သင်ကြားပေးရ မှန်းတောင်မသိတော့ပါဘူးခင်ဗျာ။

0 comments: