Wednesday, November 14, 2012
0
ၾသစေၾတးလ် နိုင်ငံသားတစ်ဦးအား လူဆိုးဂိုဏ်းဝင် တစ်ဦးအဖြစ် ဖော်ပြ၍ အသရေပျက်စေခဲ့ ခြင်းကြောင့် သြစတြေးလျတရားရုံးတစ်ခုက ဂူဂဲလ်အား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ဝ၈ဝဝဝ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

အသက် ၆၂ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Milorad Trkulja သည်ဖျော်ဖြေရေးပွဲစီစဉ်သူဖြစ်ပြီး ၂ဝဝ၄ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ရာဇဝတ်မှုတစ်ခုတွင် ပစ်ခတ်ခံခဲ့ရသူ ဖြစ်သည်။ ထိုအမှုမှာ ယခုအ ထိဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ ယင်းအမှုတွင် သူသည်အပြစ်မရှိဘဲ ပစ်ခတ်ခံခဲ့ရသူ သာဖြစ်သ်ာလည်း ဂူဂဲလ်က မဲလ်ဘုန်း မြို့၏ အဓိက ရာဇဝတ်ကောင်အဖြစ် ညွှန်းဆိုဖော်ပြခြင်းဖြင့် သူ၏အသရေကို ပျက်စေ ခဲ့သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

ဂူဂဲလ် ရှာဖွေရေး ဆိုက်တွင် ၄င်း၏အမည်အား ရိုက်ထည့်၍ရှာဖွေပါက ၄င်းအား မဲလ်ဘုန်းမြို့ ရာဇဝတ် ဂိုဏ်းခေါင်းဆောင် Tory Mokbelဟုသော်လည်းကောင်း၊ လက်နက်ကိုင် ပစ်ခတ်မှုမကြာခဏပြုလုပ် ခဲ့သော Melbourne Crime အဖွဲ့တို့နှင့် ဆက်စပ်၍သော်လည်းကောင်း ဖော်ပြထားသည်ကိုတွေ့ နေရ သည်ဟု ၄င်းက ဆိုသည်။

သို့ရာတွင် ဂူဂဲလ်ဖက်မှ ဗစ်တိုရီးယား တရားရုံးတွင် လျှောက်လဲရာ၌ မိမိ တို့အနေဖြင့် တခြားသူတစ်ဦးဦး ၏ ဖော်ပြချက်ကို ရိုးသားစွာ သတိမမူ မိခြင်းသာ ဖြစ်ကြောင်း တင်ပြခဲ့ သည်။

သို့သော်Trkulja ၏ ရှေ့နေဖြစ်သူက ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် ယင်းနှင့်ပတ်သက်၍ စာရေး အကြောင်းကြားမှု ပြုလုပ် ခဲ့ပြီး ဂူဂဲလ်က အရေးစိုက် လုပ် ဆောင်ခဲ့ခြင်းမရှိ၍ ဂျူရီလူကြီးများက အပြစ် ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက်အရ တရားသူကြီးဒေးဗစ်ဘိခ်ျကအသရေဖျက်စေလိုမှုဖြင့်ဖော်ပြ  ခင်းဟူသော ပြစ်ချက်ဖြင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂ဝ၈ဝဝဝ ပေးဆောင်စေ ရန်အမိန့်ချမှတ် ခဲ့ခြင်း ဖြစ်သည်။

''ဂူဂဲလ်က အသရေဖျက်မှု မြောက်တဲ့ ဆောင်းပါးတွေ အပါအဝင်သတင်းတွေကို ရောင်းစားတဲ့ သ တင်းအေးဂျင့်ပါ အသရေဖျက်လိုတဲ့ စေတနာမပါသည့်တိုင် အောင် သတင်းတွေကို ဖော်ပြတဲ့ နေရာမှာ အ သရေဖျက်မှု ဥပဒေ အရ ပြစ်မှုမမြောက်အောင် သတိ ထားရမှာပါ'' ဟု ဘိခ်ျက ဆို သည်။

ယခုကဲ့သို့ ဂူဂဲလ်၏ ဖော်ပြ ချက်ကြောင့် ၄င်း၏ အကျိုးစီးပွားများစွာ ထိခိုက်ခဲ့ရသည်ဟုဆိုထားသူ တရား လို Trkuljaသည် အလားတူ ဖြစ်ရပ်မျိုးအတိုင်း ရာဟူးသတင်းဆိုက်မှလည်းလျော်ကြေး အမေရိ ကန် ဒေါ်လာ ၂၃၄ဝဝဝ ရရှိခဲ့ပြီး ဖြစ်သည်။

0 comments: