Wednesday, November 14, 2012
0
မြေမြုပ်မိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ရေးအဖွဲ့(The International Campaign to Ban Landmines-ICBL)က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအသုံးချမှုတွေ ကိလျော့ချနေပြီ လို့ ပြောဆိုနေတဲ့ကြားထဲကထိခိုက်ဒါဏ်ရာရသူတွေ မိုင်းကြောင့် သေဆုံးရသူတွေ ဒီနှစ်ထဲမှာပိုတိုးလာ တယ်လို့ဆိုပါတယ်။ 
 
မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားသူတစ်ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ခဲ့ရစဉ် (Credit: ABC)
မြန်မာနိုင်ငံမှာမြေမြှုပ်မှိုင်းကြောင့် သေကြေဒဏ်ရာရသူပေါင်း ၃၂၄၂ ဦး ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ကမ္ဘာမှာ တတိယ အများဆုံးနိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေမြှုပ်မှိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာကို ရးသားပြုစုသူ Mr Yeshua Moser-Puangsuwanက သတင်းစာရှင်းလင်းပွဲ မှာပြောခဲ့ပါတယ်။

"မြန်မာအစိုးရအနေနဲ့မိုင်းတွေကိုသုတ်သင်ရှင်းလင်းဖို့ဆိုရင် နည်းပညာအကူအညီအရင်ယူရပါမယ်။ နည်း ပညာအကူအညီပြီးရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေကိုနည်းယူပြီး လုပ်ဖို့လိုပါတယ်။မြန်မာပြည်သူတွေ သင်တန်းတွေလိုပါတယ်။ နိုင်ငံတကာက ငွေကြေးတွေကူဖို့ကျတော့ နောက်ဖြစ်လာမှာပေါ့။ အရင်ဆုံးကေ တာ့နည်းပညာကိုလုပ်ရပါမယ်။ဒီကိစ္စအောင်မြင်ဖို့ဆိုရင်တော့လက်ရှိအစိုးရရဲ့နိုင်ငံရေးဆနဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။နိုင်ငံရေးအရ ဒီလိုလုပ်ချင်တဲ့ ဆန္ဒရှိရင်တော့အချိန်တို အတွင်းမှာလုပ်ပစ်လို့ ရတယ်။အကယ်၍မဟုတ်ဘူးဆိုရင်တော့ နှစ်ပေါင်းများစွာအချိန်ယူရအုံးမှာပါ"

၂၀၁၂ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့ထိ ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြေမြှုပ်မှိုင်း အသုံးပြုမှုပိတ်ပင်တားမြစ်ခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံကတော့ လက် မှတ်မထိုး ရသေးဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အခုအခါမှာ အစီရင်ခံစာကို တရားဝင်ထုတ်ခွင့်နဲ့ သတင်းမီဒီ ယာတွေကို ချပြနိုင်ခွင့်ရတယ်လို့ သူကပြောပါတယ်။

မြေမြှုပ်မှိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ရေးအဖွဲ့(The International Campaign to Ban Landmines-ICBL)ကိုကမ္ဘာတစ်ဝှမ်း လူသတ်မိုင်းရှင်းလင်းပပျောက်ရေးအ တွက် နိုင်ငံပေါင်း ၇၀ မှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ပေါင်း ၁၃၀၀ ကျော်နဲ့ ၁၉၉၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။

မိုင်းအန္တရာယ်ရှိတဲ့နရာတွေကချင်း၊ကချင်၊ကရင်၊ကယား၊ရခိုင်၊ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေ သအတွင်းကအနည်းဆုံး မြို့နယ် ၄၇ခုမှာ ရှိနေပြီးကရင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီး အရှေ့ဖက်ခြမ်းဒေ သတွေဟာ မိုင်းအန္တရာယ် အများဆုံး ဖြစ်တယ်လို့အစီရင်ခံစာကဆိုပါတယ်။

မြန်မာ့ကာကွယ်ရေးနှင့် စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ(ကပစ)ဟာ မိုင်းရှာကိရိယာနဲ့ရှာလို့မရတဲ့ အစိတ် အပိုင်းတွေအပါအ၀င် ဖြန့်ထွက် လူသတ်မိုင်း၊နင်းမိုင်းတွေကိုဆက်လက်ထုတ်လုပ်နေတယ် လို့ အစီရင်ခံစာ ထဲမှာပါတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက်မေငယ်က သတင်းပေးပို့ထားပါတယ်။

0 comments: