Friday, November 16, 2012
0

 
 ကမ္ဘာတစ်ဝန်းမှအစိုးရများသည် ၎င်းတို့မနှစ်သက်သည့် အချက်အလက်များ ပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်က ရှာဖွေဖော်ပြခြင်းမပြုဘဲဖုတ်ချပေးရန်၊ အစိုးရများမနှစ်သက်သော ၀က်ဘ်ဆိုက်များကို ရေးသား သူများ၏ ကိုယ်ရေးအချက်အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာအစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ် ကိုကမ္ဘာတစ်ဝန်းအစိုးရများက အကြောင်းကြားမှု၊ မေတ္တာရပ်ခံမှု၊ အကျပ်ကိုင်ခဲ့မှုပေါင်းသည် ၂၀၁၂ ပထ မခြောက်လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်း သိရသည်။ တစ်ရက်လျှင်ပျမ်းမျှ ၁၁၅ ကြိမ် နီးပါး ဖြစ်သည်။

ဂူဂဲလ်သည်ပွင့်လင်းမြင်သာအစီရင်ခံစာ(Transparency Report)ကို တစ်နှစ်လျှင်နှစ်ကြိမ်ပုံမှန် ထုတ်ပြန်ေ ပးလျက်ရှိရာ ၂၀၁၂ပထမခြောက်လကိမ်နှုန်းစာရင်းများအရ ကမ္ဘာတစ်ဝန်း အစိုးရများ၏ အွန်လိုင်းမီဒီယာ များအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများသည် သိသိသာသာကို ရှိန်နှုန်းမြင့်လာနြေ ပီဖြစ်ကြောင်း တွေ့ရသည်။ အွန်လိုင်းတွင် ရေးသားဖော်ပြထားသော အချက်အလက်များ၏ မူရင်းပိုင်ရှင် များနှင့်ဆိုင်သော ကိုယ်ရေးအချက်အလက်များ တောင်းခံမှုတွင် အမေရိကန်အစိုးရက ၇၉၆၉ ကြိမ်ဖြင့် ကြိ မ်နှုန်းအများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။ ဂူဂဲလ်ကရှာဖွေပေးနေသည့် ၀က်ဘ်ဆိုက် များထဲတွင် မည်သည့်ဝက်ဘ်ဆိုက်များကို ရှာဖွေဖော်ပြပေးခြင်းမပြုပါနှင့်ဟု မေတ္တာရပ်ခံမှုတွင်မူ တူရကီအ စိုးရက ထိပ်ဆုံးတွင်ရှိကြောင်းလည်း သိရသည်။

ဂူဂဲလ်သည် ထိုသို့ကမ္ဘာတစ်ဝန်းအစိုးရများ၊ တရားရုံးများက တောင်းခံသည့် ကြိမ်နှုန်းများကို ၂၀၀၉ ခုနှစ် မှစ၍ ခြောက်လတစ်ကြိမ် စုစည်းပြီးပွင့်လင်းမြင်သာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ် ပထမခြောက်လ ဦးဆုံးအစီရင်ခံစာတွင် ထိုသို့ မေတ္တာရပ်ခံမှုပေါင်း ၁၂၅၃၉ မှု ရှိခဲ့ပြီး ၂၀၁၂ ပထ မ ခြောက်လတွင် ၂၀၉၃၉ မှုထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ခြောက်လတစ်ကြိမ်ထုတ်ပြန်တိုင်း ဂူဂဲလ်က ရှာဖွေပေးနေတဲ့ တစ်ချို့ သတင်းအချက်အလက်တွေ မရှာပေး ဖို့၊သက်ဆိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေထုတ်ပေးဖို့မတ္တာရပ်ခံမှုတွေက ကြိမ်နှုန်းတကသထက် တက်လာနေတာကို ကြည့်ခြင်းဖြင့် ကမ္ဘာအရပ်ရပ်အစိုးရများသည် အွန်လိုင်းစောင့်ကြည့်စစ်ဆေးမှုများ ပိုမို ထိထိရောက်ရောက် ပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဂူဂဲလ်က ပြောသည်။

အင်တာနက်ပေါ်မှ အချို့သောအချက်အလက်များကို ရှာဖွေဖော်ပြပေးခြင်းမပြုရန် အစိုးရများ မေတ္တာရပ် ခံကြသည့် အဓိကအကြောင်းရင်းသုံးရပ်မှာ အသရေဖျက်မှု၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ထိပါးမှု၊ လုံခြုံရေးစိုး ရိမ်ရမှုတို့ဖြစ်ကြောင်းလည်း သိရသည်။ အခြားသော အချက်များတွင် လိင်ဆိုင်ရာညစ်ညမ်းမှု၊ လူမျိုးရေး အ မုန်းပွားစေသော စကားလုံးများ ပါဝင်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှုတို့ဖြစ်ကြောင်းလည်း သိရသည်။

ရှာဖွေဖော်ပြပေးနေခြင်းကို ရပ်ဆိုင်းသင့်မရပ်ဆိုင်းသင့်ကို ဂူဂဲလ်သည်အခြေခံအချက်သုံးချက်ဖြင့် ဆုံးဖြ တ်ကြောင်း သိရသည်။အစိုးရများ၏ မေတ္တာရပ်ခံမှုတွင် ခိုင်လုံသောအထောက်အထား ပြည့်ပြည့်စုံစုံ ပါဝင် ရမည်၊တိကျသေချာသောဝက်ဘ်ဆိုက်ကိုညွှန်ပြနိုင်ရမည်၊သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမတ္တာရပ်ခံခြင်ြး ဖစ်ကြောင်း အထောက်အထား ခိုင်လုံရမည်ဟူ၍ ဖြစ်သည်။

အချို့အချက်အလက်များ ရှာဖွေဖော်ပြပေးခြင်း မပြုရန် ကမ္ဘာ့အစိုးရများ မေတ္တာရပ်ခံမှု ကြိမ်နှုန်း
(၂၀၁၂ ပထမခြောက်လအတွင်း စာရင်းဖြစ်သည်)
- တူရကီ ( ၅၀၁ ကြိမ် )
- အမေရိကန် ( ၂၇၃ ကြိမ် )
- ဂျာမနီ ( ၂၄၇ ကြိမ် )
- ဘရာဇီး ( ၁၉၁ ကြိမ် )
- ဗြိတိန် ( ၉၇ ကြိမ် )

အချက်အလက် ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံသည့် ကြိမ်နှုန်း
- အမေရိကန် ( ၇၉၆၉ ကြိမ် )
- အိန္ဒိယ ( ၂၃၁၉ ကြိမ် )
- ဘရာဇီး ( ၁၅၆၆ ကြိမ် )
- ပြင်သစ် ( ၁၅၄၆ ကြိမ် )
- ဂျာမနီ ( ၁၅၃၃ ကြိမ် )
- ဗြိတိန် ( ၁၄၂၅ ကြိမ် )

0 comments: