Wednesday, November 21, 2012
0

 သွေးဆေးကန်
ကျွန်တော်တို့ ကျောင်းသားဘ၀ (၁၉၈၉၊၉၀၊ ၉၁) ဇူလိုင် ၁၉ ရက်နေ့တိုင်း ကျဆုံးလေပြီးသော အာဇာနည် များကို သွားရောက် ဂါရ၀ ပြုကြသည့် အခါတိုင်း ရွှေတိဂုံ ဘုရားမြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကိုလည်း သွားေ၇ာက်ဂါရ၀ပြုကြသည်။ ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို ရန်ကုန်နေသူ တော်ေ တ်ာများများ ရောက်ဖူးကြပါလိမ့်မည်။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသူများရှိသည့်အ တွက် သွေးဆေးကန်လို့ ခေါ်ရတဲ့ သမိုင်းကိုပြန်လည်ရေးသားလိုက်ရပါတယ်။

အရင်တုန်းကလည်း ရွှေတိဂုံစေတီတော်ကို ခဏခဏ ရောက်ဖြစ်ပါတယ်။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီး သည်တွေကို ရှင်းပြနေတဲ့ ဧည့်လမ်းညွန်တွေကို အဲဒီကန်နားမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ဆိုင်းဘုတ် အနီကြီးပေါ်မှာ ပထမ အင်္ဂလိပ်-မြန်မာစစ် ဖြစ်ပွားတုန်းက မြန်မာမင်းတပ်တွေ အင်္ဂလိပ်စစ်သားတွေကို ဓားနဲ့ခုတ်သတ်ပြီး ဓားရိုးနဲ့လက် ကပ်နေတဲ့အတွက် အဲဒီကန်မှာ ဆေးခဲ့တယ်လို့ မှတ်မိနေပါသေးတယ်။

၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမ ခံတပ် တွင် မြန်မာ စစ်သည် ၄ ထောင်ကျော် က ခုခံတိုက်ခိုက်သောလည်း လူအင်အားမမျှခြင်း၊ လက်နက်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က အလစ်ဝင်ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာနိုင်ခြင်း၊ ခဲယမ်း မီးကျောက်များ ကုန်သွားခြင်းတို့ကြောင့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ ခံတပ်ဟာ ကျ ဆုံးခဲ့ရပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန် ကုန်မြို့ရဲ့  ရှေ့ ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင် ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။ အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ရွှေတိဂုံကုန်တော်ကို ထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ သိမ်ဖြူ ခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျအဆုံးများစွာ ရှိခဲ့ကြ သည်။ ၂ ဖက်လုံးမှ စစ်သည် များသည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။ မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအ၀င် တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ ဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ် ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီ သို့ နောက်ဆုတ် လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။

စစ်ဦးတွင်အောင်ပွဲရနေသော အင်္ဂလိပ်စစ်တပ်သည် ဧပြီလ ၁၄ ရက်နေ့တွင်ပင် ရွှေတိဂုံကုန်းတော် ခံတပ် ကို အတင်းဝင်ရောက် တိုက်ခိုက်ကြသည် ခံတပ်ရှိမြန်မာများက အသေခံ ဓါးနဲ့ဝင်ခုတ်သဖြင့် ထိုနေ့ တစ်နေ့ထဲတွင် အ၈င်္လိပ် စစ်သည် ၂၀၀ ကျော် ကျဆုံးခဲ့သည်။ ရွှေတိဂုံကုန်းတော်ခံတပ်တိုက်ပွဲတွင် ဓါးဖြင့် အနီးကပ်ဝင်ပိုင်းရသဖြင့် အင်္ဂလိပ်တို့၏ သွေးများက မြန်မာစစ်သည်များ၏ လက်များ တွင် စေးကပ်နေကြ သည်။ ထိုသို့စေးကပ်နေသဖြင့် ဓါးကိုခွာရာမရသဖြင့် ထိုသွေးများကို ရွှေတိဂုံဘုရားမြောက်ဖက်ရှိ ကန်တွင် ရေ ဆေးချကြ သည်။ သွေးများက ဓါးကိုင်ထားသည့်လက်တွင် စေးကပ်နေသဖြင့် တော်တော်ေ လးကို ကွာအောင် ဆေးကြောကြရသဖြင့် ထိုကန်ကို မြန်မာစစ်သည်များက သွေးဆေးကန်ဟု အမည်ပေး ခဲ့ကြသည်။

၁၈၅၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကူများမရောက်လာခြင်း၊ လက်နက်အင်အားမမျှခြင်း( အင်္ဂလိပ် မှ သေနတ်ဖြင့် ပစ်ချက်ကို မြန်မာက ဓါးဖြင့် တတ်ခုတ်နေရခြင်း)တို့ကြောင့် မြန်မာတပ်မှူး မှ ရွှေတိဂုံ ကုန်တော်မှ တပ်ဆုတ်ပေးလိုက်သည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်သည် မြန်မာများ အငိုက်မိခြင်း၊ စစ်လက်နက် ကွားခြားခြင်းတို့ကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း သွေးဆေးကန်၊ သိမ်ဖြူခံတပ်တို့သည် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့၏ ဇာတိမာန်ကို ပြသခဲ့သည့် တိုက်ပွဲဖြစ်သည်။ ထိုသို့ မြန်မာတို့၏ သတ္တိ၊ မြန်မာတို့ရဲ့ သွေးကို အကောင်း ဆုံးပြသ ခဲ့သည့် သူရဲကောင်းများ၏ ၀ိဥာဏ်များ နာခိုရာ သွေးဆေးကန်၊ အာဇာနည်ကုန်း တို့ကို နှစ်စဉ် အာဇာနည်နေ့တိုင်း သွားရောက်ဂါရ၀ပြုခဲ့ကြခြင်းဖြစ်သည်။
ဘိုးတော်ဘုရားနဲ့ သွေးဆေးကန်

မြန်မာ့သမိုင်းထဲမှာ နာမည်ကြီးတဲ့ ပဒုံမင်းခေါ် ဘိုးတော်ဘုရားရဲ့ အမိန့်ပြန်တမ်းကို တွေ့ရပါတယ်။ ပဒုံမင်းရဲ့ အမိန့်တော်မှာ ရန်ကုန်မြို့ ရွေတိဂုံစေတီတော် မြောက်ဖက် မုတ်နား သွေးဆေးကန်က ရွှေဘို စဥ့်အိုးနဲ့ ရေလုံးရေ ၁၀ ကို ဟံသာဝတီမြို့ဝန်က ရွှေဖ၀ါးတော်အောက် အရောက်ဆက်သရမယ် လို့ပါ တယ်။ အဲဒီအမိန့်တော်အရဆိုရင် သွေးဆေးကန်ဟာ ဘိုးတော်ဘုရား လက်ထက် ကတည်းက ရှိနေပြီဖြစ်ပါတယ်။ဆေးဖက်ဝင်တဲ့ သွေးဆေးကန်ကရေကို ဘိုးတော်ဘုရားက အမရပူရ နေပြည်တော် သို့ပေးပို့ဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေစာတွေဟာ သုတေသန သဘောနဲ့ ပြောရရင် မူရင်း အထောက်အထား (Primary Sources) တွေ ဖြစ်ပါတယ်။ သမိုင်းရေးသားတဲ့အခါ မူရင်းအထောက်အထားက အရေးပါဆုံးဖြစ်ပါတယ်။
သမိုင်း နှစ်ခုနဲ့ သွေးဆေးကန်

နောက်ဘိုးတော်ဘုရားရဲ့ အမိန့်ပြန်တမ်းကို ထောက်ခံတဲ့ အချက်အတချက်က အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီက ကုန်းဘောင်မင်း ဘိုးတော်ဘုရားထံ စေလွှတ်တဲ့ သံတမန်တွေထဲမှာ ကက်ပတိန် ဟီရန်ကောက် စ်( Hiram Cox)ကလည်း ဒီသွေးဆေးကန် အကြောင်းမှတ်တမ်းတင်တဲ့ တဆင့်ခံအထောက် အထားတခုကို လေ့လာခဲ့ရပါတယ်။ ကောက်စ်က ရွှေတိဂုံမြောက်ဘက် မုတ်နားရှိတဲ့ သွေးဆေးကန် က ရေဟာဆေးဖက်ဝင်ကြောင်း မှတ်တမ်းတင်ခဲ့တယ်။ဒါဆို သွေးဆေးကန်ဆိုတဲ့ နာမည်ကကုန်းဘောင်ေ ခတ်ကတည်းက တည်ရှိခဲ့တဲ့ကန်အမည် ဖြစ်နေပါတယ်။ အခုပေးထားတဲ့ သွေးဆေးကန်ရဲ့ အဓိပ္ပါယ် က မြန်မာတွေရဲ့ ရဲစွမ်းသတ္တိ၊ ဇာတိသွေးဇာတိမာန် ကို ဖေါ်ကျူးလိုတဲ့ စိတ်ထားနဲ့ ပေးထားတာ ဖြစ်တယ်။ သမိုင်းကြောင်းနှစ်ခုထဲက ဘယ်သမိုင်းက ပိုကောင်းသလဲ။


0 comments: