Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့ကိုယ်တိုင်
ပထမဆုံး ထုတ်လုပ်သည့် Tablet ကွန်ပျူတာ Surface ၏ ဈေးနှုန်းကို
ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။ Microsoft Surface Tablet ကို ၄၉၉
ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်သည်။ အဆိုပါဈေးနှုန်းမှာ Tablet
အတွက်သာဖြစ်ပြီး Keyboard Cover ပါဝင်ခြင်းမရှိချေ။
Keyboard
Cover ပါဝင်သော Surface Tablet တစ်လုံး၏ ဈေးနှုန်းမှာ ၅၉၉ ဒေါ်လာဖြစ်ပြီး
အချက်အလက် သိမ်းဆည်းနိုင်မှု ပိုမိုသော Surface Tablet ဈေးနှုန်းမှာ ၆၉၉
ဒေါ်လာဖြစ်သည်။ Keyboard Cover ကို သီးခြား ဝယ်ယူပါက ၁၁၉ ဒသမ ၉၉
ဒေါ်လာဖြစ်ပြီး အရည်အသွေး ပိုမိုကောင်းမွန်သော Keyboard Cover တစ်ခု၏
ဈေးနှုန်းမှာ ၁၂၉ ဒသမ ၉၉ ဒေါ်လာဖြစ်ကြောင်း သိရသည်။ Microsoft Surface
Tablet များကို အောက်တိုဘာ ၂၆ ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်သည်။

0 comments:
Post a Comment