Thursday, November 15, 2012
0
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်တိုက်ပွဲများ ငြိမ်သက်နေရာမှယမန်နေ့ည (၁၂)နာရီခန့်တွင်မော် ဝမ်းဗျူဟာ ကုန်းပေါ်ရှိ မြန်မာအစိုးရတပ်ဖွဲ့က လမောင်ကုန်းကျေရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။“မနေ့ညကတော့ အစိုးရတပ်ဖွဲ့ဘက်က လက်နက်ကြီး (၈) လုံး ပစ်တယ် ။ ထိခိုက်ဒဏ်ရာရတာတော့ မကြားရသေးဘူးခင်ဗျ။ အစိုးရတပ်ဖွဲ့တွေကလည်း ဒီတလောမှာ အင်အားတိုးချဲ့လာတာရှိတဲ့အတွက် KIA တပ်ဖွဲ့ဘက်ကလည်း တပ်ဖြန့်လိုက်တာတွေတော့လုပ်လာတာရှိ တယ်။” ဟု ဆိုသည်။

ယင်းသို့ ဖားကန့်ဒေသအတွင်း ထပ်မံအင်အားဖြည့်လာသည့် အစိုးရတပ်ဖွဲ့နှင့် ယနေ့မနက် (၁၀)နာရီခန့် ကကချင်ပြည်နယ်၊ ဖားကန့် မြို့ နယ်၊ KIA, တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း (၆) ဒေသရှိ မိုးကောင်း- ဖားကန့် လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု KIO နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ဆိုပါသည်။

အလားတူ နမ့်ရှန် ၊ လဂတ်ယာန်၊ ဂါမတက် နှင့် ဒိုင်ဂီးရွာတို့တွင်လည်း အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခြေလျင်တပ်ရင်း ခလရ(၈၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၈၁)၊ ခမရ (၂၆၀) တပ်ရင်း တို့နှင့်တိုက်ပွဲဖြစ်လျှက်ရှိပြီး၊ မိုးကောင်းမှ (၈)မိုင်လမ်းဆုံတွင် အစိုးရစစ်ကား(၃၅)စီး ထပ်မံရောက်ရှိလာေ ကြာင်း အဆိုပါ သတင်းများ၌ ဖေါ်ပြ ထားသည်။ 

ရှေ့ တန်းမှ KIA တပ်သားများ (ဓါတ်ပုံ - Kachinnet.net)
ရှေ့ တန်းမှ KIA တပ်သားများ (ဓါတ်ပုံ - Kachinnet.net)

KIAနှင့်အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖားကန့်ဒေသ အတွင်းရှိ စစ်ဆင်ရေး လှုပ်ရှားများကို KIA ဘက်က ကန့်သတ် ထားလိုက်ကြောင်း စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောသည်။ အကယ်၍ တိုက်ခိုက်မည်ဆိုပါက လူထုနှင့် နီးစပ်သည့်ဒေသများအား ရှောင်ကျဉ်ကြရန် စစ်ရုံးချုပ်က ညွှန်ကြားထားကြောင်း အဆိုပါ အရာရှိက ပြောဆိုသည်။

0 comments: