Thursday, November 15, 2012
0
ကယား(ကရင်နီ)ပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာတွင် ဆက်သွယ်ရေးဖုန်းလိုင်းမရ၍ (၁၅)သိန်း တန် skynet အင်တာနက်ဖုန်းကို ဝယ်ယူတပ်ဆင်ထားကြရသည်ဟု သိရသည်။

skynet-roks

 ကယားပြည်နယ်အတွင်း skynet အင်တာနက်စလောင်းများကို တပ်ဆင်ထားသည့် မြင်ကွင်း (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

နန်းဖဲရွာသို့သွားရောက်တပ်ဆင်ခဲ့သည့် လွိုင်ကော်မြို့မှ skynet အရောင်းကိုယ်စာလှယ်ကိုဘိုဘိုက  မြို့ တစ်မြို့နှင့်တစ်မြို့ဆက်သွယ်ရန် ဖုန်းလိုင်းမရှိသောကြောင့် ဖုန်းလိုင်းပါသော skynet အင်တာနက်လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု ကန္တာရဝတီတိုင်း(မ်)သို့ ရှင်းပြသည်။

 “အင်တာနက်လည်းပါပါတယ် ဒါပေမဲ့ဒါကိုတော့မသုံးပါဘူး သူတို့ကအဓိကဖုန်းကိုလုပ်တာဖြစ်ပါတယ်။ အဲဒီဘက်မှာကတော့ ကွန်ပြူတာတွေအင်တာနက်တွေသိပ်မသုံးကြသေးတော့ အဲဒါကိုတော့ မလုပ်ကြဘူး။ သူတို့အနေနဲ့ ဖုန်းဆက်လို့ရဖို့ကိုပဲ ဝယ်တပ်ထားကြတာပါ။” ဟု ပြောသည်။

နန်းဖဲရွာသည် လွိုင်ကော်မြို့မှ ဘော်လခဲ ၊ ဖားဆောင်းနှင့် ထိုင်းနိုင်ငံနယ်စပ်အထိသို့ သွားသောလမ်း မဘေးတွင်တည်ရှိပြီး ကုန်တင်ကားများ ခရီးသည်တင်ကားများ ခေတ္တနားနေကြရသည့် လူစီကားသော ရွာ ငယ်လေးတစ်ရွာဖြစ်သည်။စားသောက်ဆိုင်ဖွင့်လှစ်ထားသည့်ဆိုင်တစ်ဆိုင်တည်းသာလျှင်မရှိမဖြစ်လိုအပ်ေ နခြင်းကြောင့် ၎င်း Skynet လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် Skynetလိုင်းကိုလည်း တခြားမြို့နယ်ဘက်သို့ လုပ်ငန်းတိုးချဲ့နိုင်ရန် လိုင်းများကို စမ်းသပ်လျက် ရှိသည်ဟုသိရသည်။ကိုဘိုဘိုက “အခုတလော မနားရဘူး တော်တော်လေးကိုလိုက်စမ်းနေရတယ်။ မဆိုး ဘူးပေါ့ မော်ချီးစမ်းမယ်ရဖို့ သေချာပါတယ်။ ဖားဆောင်းလည်း မနေ့ညဖုန်းဆက် လို့ရတယ် ။ ဘော်လခဲ လည်းရနိုင်တယ်။ နန်းဖဲကတော့ရတယ် တပ်ဆင်ထားပြီးပြီ ဖုန်းပဲပြောတာပေါ့။” ဟု ဆက်ပြောသည်။

ကျပ်နှစ်သိန်းတန် GSM ဖုန်းလိုင်းများမြို့တိုင်းလိုလို ချပေးနေသော်လည်း ကယားပြည်နယ်အတွင်းတွင် လွိုင်ကော်မြို့နယ်တခုတည်းသာလျှင်း ဖုန်းလိုင်းရရှိသည်။ဒီးမော့ဆိုမြို့နယ်တွင်မူ လွိုင်ကော်မြို့နှင့်နီးစပ် သည့် တချို့တနေရာတွင်လိုင်းရပြီး တခြားမြို့တွင်ဖုန်းလိုင်းများမရရှိသေးကြောင်းနှင့် အစိုးရဆက်သွယ်ေ ရးရုံးများတွင် IP star ကိုအသုံးပြုထားရကြောင်း ပြည်နယ်ဆက်သွယ်ရေးရုံးမှ မန်နေဂျာ ဦးတင်စိုးလွင်က  ယခုလိုရှင်းပြသည်။

“တခြားမြို့နယ်တွေမှာမရသေးဘူး ဖုန်းလိုင်းကတော့ နေရာတိုင်းမရသေးဘူး ဒီးမော့ဆိုကတော့ CDMA ပဲရသေးတယ် GSM ရတဲ့နေရာကတော့ အင်တာနက်ရတာပေါ့ လွိုင်ကော် ဒီးမော့ဆိုမှာကတော့ အော်တို အိတ်ချိန်း ဖရူဆို ၊ ဖားဆောင်း ၊ ဘော်လခဲနဲ့ ရှားတောဘက်တွေမှာကတော့ ဆက်သွယ်ရေးရုံးမှာ အိုင်ပီ စတားယူတာပေါ့ ကျန်တဲ့ မော်ချီးနဲ့ မယ်စဲ ဆက်သွယ်ရေးရုံးမှာလည်း အိုင်ပီစတားပဲ ထားပါတယ်။” ဟုပြောသည်။

ဒီးမော့ဆိုမြို့ပေါ်တွင် GSM တိုင်ထောင်ပေးမည်ဟုသိရသော်လည်း ယခုချိန်အထိတိုင်မထောင်ရသေးေ ကြာင်းသိရသည်။ဒီးမော့ဆိုမြို့အပါအဝင်ကျန်သည့် ရှားတော ၊ ဖရူဆို ၊ ဘော်လခဲ ၊ ဖားဆောင်း ၊ မယ်စဲနှင့် ရွာသစ် ၊ မော်ချီးတို့ဘက်တွင်ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု သိရ သည်။

0 comments: