Thursday, November 22, 2012
0
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အိမ်သုံး Digital မီတာများကို တပ်ဆင် သွားဖို့ရှိပြီး ဒီလို တပ်ဆင်မှုကို အခမဲ့ တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ Digital မီတာများကို လက်ရှိ အသုံးပြုလျက်ရှိတဲ့ အိမ်သုံးမီတာများ နေရာမှာ ပြောင်းလဲ တပ်ဆင် မှာ ဖြစ်ပါ တယ်။ ဒီလိုဒစ်ဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင်တဲ့အတွက် မီတာဖတ်ရာမှာ ပိုမိုလွယ်ကူ စေနိုင် မယ့်အပြင် ယခင်ကထက် ပိုမိုလျင်မြန်စွာ အလုပ် ပြီးမြောက်အောင် ဆောင် ရွက် နိုင်မယ် လို့ သိရပါတယ်။

အခုလိုဒစ်ဂျစ်တယ်အိမ်သုံ မီတာများ ပြောင်းလဲ တပ်ဆင် ပေးမှုကိုတော့ နိုဝင်ဘာလကုန်ပိုင်းမှာ ပြောင်း လဲ တပ်ဆင်ပေး သွားဖို့ရှိတာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြော ကြားချက် အရ အခုလို ဒီဂျစ်တယ် မီတာများ တပ်ဆင် ပေးမှုကို အလုံမြို့နယ်နဲ့ နီးစပ်ရာ မြို့နယ်များမှာ စ တင်ကာဦးစားပေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

0 comments: